Myanmarmobileapp ရဲ့ Post လေးကိုပြန် Share ပေးတာပါ . . . Credit ပေးပါတယ် . . . MMAS
iOS 7.1.1 ကို Jailbreak ပြုလုပ်ချင်ကြတဲ့
iOS Users တွေအတွက် iOS 7.1.1 ကို Untethered Jailbreak
လုပ်နည်းကိုတင်ပြလိုက်ရပါတယ်။ iOS 7.1.1 Jailbreak လုပ်လို့ရမယ့် iDevices
တွေကတော့
Phone 4
iphone 4S
iphone 5
iphone 5C
iphone 5S (64-bit)
iPad Air (64-bit) တို့ပဲဖြစ်ပါတယ်။
အရင်ဆုံး လိုအပ်တဲ့ Tool ဖြစ်တဲ့
Pangu Untethered Jailbreak Tool ကိုရယူပါ။
Download ရယူပြီးပြီဆိုရင်တော့ Pangu
ဆော့ဝဲကိုဖွင့်လိုက်ပါ။ ပြီးရင် Jailbreak လုပ်မယ့် iPhone/Pad နဲ့
ကွန်ပျူတာနဲ့ကိုချိတ်ဆက်ပါ။ ပြီးရင် pangu ဆော့ဝဲက ခလုတ် အမဲလေးကိုနှိပ်လိုက်ပါ။
ဖုန်းရဲ့ Setting ထဲကိုဝင်ပါ။
General ထဲကိုဝင်ပါ။ Date & Time ထဲကိုဝင်ပါ။
Date & Time ထဲရောက်ရင် 24 Hrs time ကို enabled လုပ်ထားပါ။ Set Automatically
ကို Disable လုပ်ပါ။
ပြီးရင် Date ကို Jun 2 2014 သို့ပြောင်းလိုက်ပါ။ ပြီးတာနဲ့ Date & Time
Setting ထဲကနေပြန်ထွက်ပါ။
ကွန်ပျူတာက Pango ဆော့ဝဲမှာ Jailbreak Process စတင်နေပါလိမ့်မယ်။
ခဏအကြာမှာဖုန်းရဲ့ Home Screen မှာလည်း Pangu icon လေးပေါ်လာပါမယ်။ ယင်း icon
လေးကိုနှိပ်ပါ။
Pangu Screen ပေါ်လာပါမယ်။ ဖုန်းကိုဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်ပါ။
ကွန်ပျူတာက Pangu ဆော့ဝဲမှာ သူ့ဘာသာသူဆက်အလုပ်လုပ်နေပါမယ်။
ခဏအကြာမှာ မိမိရဲ့ iDevice ဟာ Respring ကျသွားပါမယ်။
ပြီးရင် ပန်းသီး Logo ပြန်တက်လာပါမယ်။ ပြီးရင် Lock Screen ကိုပြန်ဖွင့်ပြီး Home
Screen ကိုပဲပြန်သွားလိုက်ပါ။
ဖုန်းက နောက်တစ်ကြိမ် Respring ပြန်ကျသွားပါမယ်။
ကွန်ပျူတာက Pangu ဆော့ဝဲဟာလည်း Jailbreak Process ပြီးစီးပြီဖြစ်ပါတယ်။
ပိတ်မယ်ဆိုရင်ပိတ်လို့ရပါပြီ။
ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ Home
Screen မှာ Cydia icon လေးရောက်နေပါပြီ။
ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 7.1.1
တင်ထားတဲ့ iDevices လေးကိုအောင်မြင်စွာ Jailbreak လုပ်ပြီးပြီဖြစ်ပါတယ်။
Credit to MMAS