Laser
Printer ဝယ်ယူသုံးစွဲသူများ အနေနဲ့ မိမိ Printer ကို
ရေရှည်အသုံးပြုနိုင်ဖို့အတွက် အောက်ပါ အချက် (၅) ချက်ကို
လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
၁။ တစ်ကြိမ်ထုတ်လျှင် စာရွက် (၂၀) ထက် မပိုရ။
နံပါတ်တစ်အချက်ကတော့
Printing လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်ပါ။ စာရွက်တွေ အများကြီးကို
တစ်ခါတည်း Command ပေးပြီး မထုတ်သင့်ပါဘူး။ အဲဒီလို ထုတ်မယ်ဆိုရင် Printer က
Heat တက်လာပြီး Fuser Unit လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ Fuser
မလောင်ရင်တောင် စာရွက် တွေမှာ အပူအရမ်း များတဲ့အတွက် Roller မှာ
လိပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် စာရွက်တွေ အများ ကြီးကို Print
လုပ်မယ်ဆိုရင် အရွက် (၂၀) စီလောက်ကို ခွဲ ခွဲပြီး Command ပေး
ထုတ်သင့်ပါတယ်။
၂။ စက္ကူ အကြမ်းများကို အသုံးမပြုရ။
နံပါတ်နှစ်အချက်ကတော့
အသုံးပြုမယ့် စာရွက်ရဲ့ Quality ကိုပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့
အဲဒီလို စာရွက် အကြမ်းတွေ၊ အညံ့တွေမှာ မိမိကိုယ်တိုင် သတိမပြုမိ၊
မမြင်မိဘဲ ဝါးဖတ် ကလေးတွေ၊ အဖုအထစ် ကလေးတွေ ပါလာတတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ
အသုံးပြု မိ တဲ့အခါမှာ Cartridge အတွင်းက Drum တို့၊ Blade တို့ကို
ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်ပါတယ်။
၃။ UPS ဖြင့် တွဲဖက် အသုံးပြုပါ။
နံပါတ်သုံးအချက်ကတော့
Power ပိုင်းပါ။ မိမိဝယ်ယူတဲ့ Laser Printer ရဲ့ Power အသုံးပြု မှုအပေါ်
မူတည်ပြီး UPS ကို တွဲဖက်အသုံးပြုသင့်ပါတယ်။ အကယ်၍ UPS နဲ့
တစ်ဆင့်ခံ အသုံး မပြုမိခဲ့ဘူးဆိုရင် ရုတ်တရက် မီးအားမငြိမ်တာတို့၊
မီးပျက်သွားတာ တို့နဲ့ဆိုရင် Printer ပါဝါ ကဒ်ပေါ်မှာရှိတဲ့ IC Chip တွေ
လောင်သွားနိုင်ပါတယ်။
၎။ Printer အဖုံး၊ အစွပ်တို့ကို အသုံးပြုပါ။
နံပါတ်လေးအချက်ကတော့
မိမိ Printer ကို လုံလုံခြုံခြုံထားဖို့ပါ။ အဲဒီအတွက်ကတော့ အဖုံး
(သို့မဟုတ်) အစွပ် တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့
တစ်ခါ တလေမှာ မိမိကိုယ်တိုင် သတိမထားမိဘဲ Papaer Trail ထဲကနေတစ်ဆင့်
ကြွက်တွေဝင်ပြီး Circuit တွေပေါ်မှာ အညစ် အကြေးတွေ စွန့်သွားတတ်ပါတယ်။
အဲဒါကို User အနေနဲ့ သတိမပြုမိဘဲ ဆက်ပြီး အသုံးပြုခဲ့မယ်ဆိုရင် Circuit တွေ
Shock ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။
၅။ Online Error ဖြစ်လျှင် အသုံးမပြုရ။
နံပါတ်ငါးအချက်ကတော့
Online Error ပါ။ Printer မှာ Online Error ဖြစ်လာရင် လုံးဝ
အသုံး မပြုပါနဲ့။ ဒါကော ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ လွယ်ပါတယ်။ Printer မှာ
ရှိသမျှ မီးတွေ အားလုံး လင်းလာတာတို့၊ ခြစ်ခြစ်တောက်ပူလာတာတို့ ဖြစ်လာရင်
Online Error ဆိုတာ သိနိုင် ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ Printer ကို လုံးဝ
မသုံးသင့်တော့ပါဘူး။
Credit to MIT
No comments:
Post a Comment