Wednesday, June 25, 2014

Samsung Galaxy Note 4





Samsung ရဲ့ အအောင်မြင်ဆုံး ပစ္စည်းတွေထဲက ထပ်မံထွက်ရှိလာမယ့် Galaxy Note 4 ရဲ့ သတင်းအချက်အလက်တွေ ထွက်ရှိလာခဲ့ပါတယ်။ Smartphone နဲ့ tablet နှစ်မျိုး ပေါင်းစပ်ထားတဲ့ phablet အမျိုးအစား Note 4 က 5.7 inch QHD display နဲ့ ထွက်ရှိလာမှာဖြစ်ပြီး 2.5GHZ, quad – core Qualcomm Snapdragon 801 processor ၊ 3GB of RAM ၊ 32GB of internal storage ၊ 13 MP rear-facing camera ၊ 2.1MP front-facing camera၊ removable 3000mAh battery စတာတွေနဲ့ ထွက်ရှိလာမှာဖြစ်လို့ 5.5 inch qued high – definition (QHD) display နဲ့ ထွက်ရှိထားတဲ့ LG G3 ကိုဈေးကွက်မှာ အသာစီးရအောင် ယှဉ်ပြိုင်ထုတ်လုပ်သလားလို့တောင် မြင်မိပါတယ်။ အခုအချိန်မှာ Galaxy Note4 ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ Indian R & D center တွေမှာ စမ်းသပ်စစ်ဆေးလျက်ရှိပြီး Flat display နဲ့ curved display နှစ်မျိုးနဲ့ Galaxy Note4 ကထွက်ရှိလာနိုင်တယ်လို့လည်း ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။


Credit to All

No comments:

Post a Comment