
LES:5 အနေနဲ့ Network မှာ Collision
ဖြစ်တယ်တဲ့ ဘာမှန်းမသိ့ဘူး။ ကျွန်တော်လို ဘာမှန်း မသိ့တဲ့သူတွေအတွက်
လေ့လာလို့ရအောင်ကျွန်တော်သိ့သလောက်လေး နည်းနည်း ပွားလိုက်ဦးမယ်ဗျာ။ ကဲစမယ်နော် ..
တစ်ကယ်လို့ ကွန်ပျူတာ နှစ်လုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း data ပို့လိုက်မိမယ်
ဆိုရင် ဘာဖြစ်မလဲ ။ အဲဒီ data နှစ်ခု တိုက်မိ့မှာပေါ့။ အဲဒါကိုတော့
ကျွန်တော်တို့Collision ဖြစ်တယ် လို့ ခေါ်ပါတယ်။ အဲဒါပါပဲ Collision ဆိုတာ
တစ်ကယ်တော့ Network ပေါ်မှာ Dataတိုက်မိတာ ကို ပြောတာပါ။ လမ်းပေါ်မှာယာဉ်တိုက်မှု
တွေဖြစ်သ လိုပါပဲ။ နောက်တော့ အဲဒီ ယာဉ်တိုက်မှုတွေ မဖြစ်အောင် ဦးဦးရဲကြီးတွေက
ယာဉ်စည်းကမ်း၊လမ်းစည်း ကမ်း တွေသက်မှတ် ကြသလိုပဲ CSMA/CD လို့ခေါ်တဲ့ Access Method
(ယာဉ်၊လမ်း စည်းကမ်း)တစ်ခုသက်မှတ်လိုက် တယ် ပေါ့ဗျာ။ ဒါဆို အခု ကျွန်တော်တို့ ဒီ
CSMA/CD Access Methodကိုလေ့ လာကြည့်ရအောင်ဗျာ။ CSMA/CD Access Method ကို Bus
Network တွေမှာအသုံးပြုပါတယ်။ ကျွန်တော် LES:3 မှာလဲ ပြောခဲ့ပါတယ်။ Carrier Sense
Multiple Access / Collision Detection လို့ ခေါ်တဲ့
CSMA/CDရဲ့လုပ်ဆောင်ချက်ကတော့နားလည် လွယ် အောင်ပြောရရင် ဦးရာလူစနစ်နဲ့ data ကို
ပို့တယ်ပေါ့ဗျာ။ ကွန်ပျူတာ တစ်လုံးက data ပို့ချင်ရင် တစ်ခြား ကွန်ပျူတာ တစ်လုံးက
ပို့နေလား ဆိုတာကို အရင်ဆုံး listen လုပ်ရပါတယ်။ တစ်ကယ်လို့များ network cable
ပေါ်မှာ Signal တွေရှိနေခဲ့ရင် Randam Time လို့ ခေါ်တဲ့ အချိန်တစ်ခုကို
စောင့်ပြီးမှ data ပို့လို့ ရမရကို ပြန်ပြီး listen လုပ်ပါတယ်။ နောက်တစ်ခုက
ကျွန်တော်တို့ data တွေတိုက်မိတဲ့ (collision) ဖြစ်စဉ် ကို လျှော့ချဖို့အတွက်
CSMA/CD Method ကို အသုံးပြုပေမဲ့လည်း collisionဖြစ်နိုင်ပါ သေးတယ်။ ကျွန်တော်တို့
ယဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာပေမဲ့လည်း ယဉ်တိုက်မှုဆိုတာ ဖြစ်သလိုပဲ
CSMA/CD Method ဟာလဲ collision ဖြစ်နိုင်ပါသေးတယ်တဲ့ဗျာ။ ဘယ်လို အခြေအနေမျိုးမှာ
collision ဖြစ်နိုင်လဲ ဆိုရင် ဥပမာ ကွန်ပျူတာ ၃ လုံးမှာ နှစ်လုံးက data
ပို့စရာရှိနေတယ် ။ အဲဒီအချိန်မှာ ကျန်တဲ့တစ်လုံးက data ပို့နေတဲ့ အတွက် ပို့လို့
မရဘူး ။ Signal free ဖြစ်တဲ့ အချိန်ကို ထိုင်စောင့်နေတယ် ဆိုပါစို့။ အဲဒီ
ကွန်ပျူတာ တစ်လုံးက data ပို့လို့ ပြီးသွားပြီ ဆိုတာနဲ့ ကျန်တဲ့ data ပို့ဖို့
စောင့်နေတဲ့ ကွန်ပျူတာ နှစ်လုံးက တစ်ချိန်တည်း တစ်ပြိုင်းတည်းမှာ ၀မ်းသာအားရနဲ့
data ပို့လိုက်မယ် ဆိုရင် collision ဖြစ်နိုင်ပါတယ်။ အဲဒီလို collision ဖြစ်ခဲ့ရင်
CSMA/CD Method အနေနဲ့ဘယ်လို ရှင်းပေးမလဲ ။

ဒီနေရာမှာ ဦးဦးရဲကြီးတွေ ၀င်ရှင်းလို့မရပါဘူး။ ပထမ အဲဒီ collision ဖြစ်စဉ်မှာ ပါဝင်နေတဲ့ ကွန်ပျူတာ နှစ်လုံး collision ဖြစ်သွားတာကို Network ပေါ်က တစ်ခြား ကွန်ပျူတာတွေ သိ့အောင် Jamming Signal ကို transmit လုပ်ပါတယ်။ နောက် ဒုတိယအနေနဲ့ အဲဒီ collision ဖြစ်သွားတဲ့ data error နှစ်ခုဖြစ်သွားတဲ့ ကွန်ပျူတာ နှစ်လုံးကို data ပြန်လည်ပို့ရန် တစ်လုံးနှင့် တစ်လုံး မတူညီနိုင်တဲ့ အချိန်တစ်ခု Randam Time စောင့်ခိုင်းရပါတယ်။ ဥပမာ တစ်လုံးက 3 Seconds ဆို နောက်တစ်လုံးက 5 Seconds ပေါ့။ အဲဒီလို စောင့်ရမဲ့ အချိန်ပြည့် သွားပြီဆိုရင် အဲဒီ ကွန်ပျူတာ နှစ်လုံးက နောက်ထပ် data ပြန်ပို့ဖို့ အတွက် ကြိုးစားပါတော့တယ် ။ ဒါပေမဲ့ စောင့်ရတဲ့ အချိန်က တစ်ခုနှင့် တစ်ခု မတူညီတဲ့အတွက် collision မဖြစ်နိုင်တော့ပါဘူး။ ဒီလောက်ဆိုရင် CSMA/CD Access Method ရဲ့ သဘောတရားကိုပါ နားလည်လောက်မယ်လို့ ထင်ပါတယ်။ လိုအပ်ချက်တွေ ရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။
No comments:
Post a Comment