Thursday, January 2, 2014

Star, Mesh and Hybrid Topologies





Network Topologies တွေ အနေနဲ့ Bus နဲ့ Ring ကိုကျွန်တော် LES:3 မှာသိ့သလောက်လေး မျှဝေပေးခဲ့ပါတယ်။ အခု LES:4 မှာ အဲဒီတုန်းက ကျန်တဲ့ Star နဲ့ Mesh ကို ဆက်ပြီး ကျွန်တော် သိ့သလောက် မျှဝေချင်ပါတယ်။

(4) Star Topology

 

 ဒီ Star Topology ကထွေထွေထူးထူးတော့ မဟုတ်ပါဘူး ။ Technology ပိုမြင့်လာခဲ့တာပါ။ ဒီ Topology မှာ ကွန်ပျူတာတွေကို အလယ်မှာ Hub(or) Switch လို့ ခေါ်တဲ့ Device ကို ထားပြီး ချိတ်ဆက်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ခေတ် သုံးနေကြတဲ့ Topology ပေါ့။ ခင်ဗျားတို့ မြင်သာအောင်ပြောရရင် အင်တာနက်ဆိုင်တွေ ၊ Network Game ဆိုင်တွေကို ကြည့်လိုက်ဗျာ။ အင်တာနက်လိုင်း တစ်လိုင်းကို Router တစ်လုံး Switch တစ်လုံး နဲ့ computer တွေ အများကြီး ခွဲပြီး ဖွင့်ကြတာ များတယ်လေ ။ နောက် ကုမ္မဏီ တွေလည်း ဒီအတိုင်းပါပဲ ။ ရုံးမှာ ရှိတဲ့ computer တွေကို Switch နဲ့ ချိတ်ဆက်ပြီး တစ်လုံးနဲ့ တစ်လုံး Data Transfer လုပ်ကြပါတယ်။ အဲဒီမှာမှ ရိုးရိုး Peer to Peer လား Domain Model လားပေါ့ ။ အဲဒီတော့ တစ်ကယ့် လက်တွေ့မှာ ပုံထဲကလို မဟုတ်ဘူး ဆိုတာ မြင်မှာပါနော်။ ဒီ Topology မှာ Twisted Pair (သို့) Fiber Cable ကို အသုံးပြုပါတယ်။ Network Speed အနေနဲ့ကလည်း 10Mbps ကနေ စခဲ့တာ 100Mbps, 1 Gbps အခုဆိုရင် 10 Gbps ထိရနေပါတယ်။ ဒီ Topology မှာက ကွန်ပျူတာ တစ်လုံးမှာ သီးသန့် Cable တစ်ချောင်းစီ အသုံးပြုရတဲ့ အတွက် Computer တစ်လုံး တစ်ခုခု ချွတ်ယွင်းခဲ့ရင် Network ပေါ်မှာ ရှိတဲ တစ်ခြား ကွန်ပျူတာတွေကို ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ ပျက်ရင် ပျက်တဲ့ အလုံးကို ဖြုတ်လဲ လိုက်ရုံပဲပေါ့။ နောက်တစ်ခု Speed ကို မျှမသုံးပါဘူး။ ဥပမာ Speed 100MBps အဲဒီ Speed ကို ကွန်ပျူတာတိုင်း ရပါတယ်။ Star နဲ့ ပတ်သက်လို့ကတော့ ဒီလောက်ပါပဲဗျာ။ လိုအပ်ချက်လေးတွေ ရှိခဲ့ရင် နားလည်ပေးကြပါ။ ထပ်ကြိုးစားပါဦးမယ်ဗျာ ……

(4) Mesh Topology

 


Mesh Topology ကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း အရမ်းကို ရှုပ်ထွေးပါတယ်။ သူ့မှာ အားသာချက်ကတော့ အမှားခံပါတယ်။ ပုံကိုကြည့်ရင်လည်း မြင်သာပါတယ်။ ဥပမာ ကြိုးတစ်ချောင်းပြတ်သွားမယ်။ ကျန်တဲ့ ကြိုးတွေက data ပို့လို့ ရသေးတယ်ဗျာ။ တစ်ကယ်တော့ ဒီ Topology က Wireless တွေမှာ အသုံးများနေတာ တွေ့ရတယ်ဗျာ။ ဘယ်လို မျိုးလဲ ကျွန်တော်တို့ Wi Max တို့ ဘာတို့ တွေ့ရမှာပါ ။ Access Point တွေ CPE တွေ တစ်လုံးနဲ့ တစ်လုံး ဟိုချိတ် ဒီချိတ်ရှုပ်နေတာ ပဲဗျာ။ အဲလိုမျိုးပေါ့ ။ နောက်တစ်ခု WAN Technology မှာ သုံးပါတယ်။ ကုန်ကျစရိတ်ကတော့ မစဉ်းစားရဲစရာပါပဲ။ အဓိက Cable ပိုကုန်တယ်လေ။ WAN ထဲမှာရှိတဲ့ အရေးကြီး Site တစ်ခုကနေ တစ်ခြား Site အားလုံးစီကို တိုက်ရိုက် ချိတ်ဆက်မယ်ဆိုရင်လည်း သုံးကြပါတယ်။ ဒါပေမဲ့ ပုံမှန် ဆိုရင်တော့ ကျွန်တော်တို့ ရိုးရိုး Star တို့ Bus တို့ပဲ သုံးပါတယ်ဗျာ။ ဒီ Mesh Topology စုစုပေါင်း connection အရေအတွက်ကို လိုချင်ရင် n(n-1)/2 နဲ့ တွက်ထုတ်ရပါတယ်။ n ဆိုတာက node ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် computer အရေအတွက်ပေါ့ဗျာ။ ကျွန်တော် ပြထားတဲ့ ပုံကို တွက်ကြည့်လိုက်ပါ။ connection ဘယ်နှစ်ခု ရှိလဲလို့ ။ အဲလောက်ဆိုရင်တော့ အဆင်ပြေမယ် ထင်ပါတယ်ဗျာ ။ 




နောက်တစ်ခု ကျွန်တော်တို့ တစ်ကယ့် network မှာ တွေ့နေရတာလေးကို ပြောချင်ပါသေးတယ်။ တစ်ကယ့် network မှာဘယ်လိုဖြစ်နေလဲ ဆိုတော့ Topology တွေ ရောနှောနေတက်ပါတယ်။ ဘယ်လိုမျိုးလဲ ဥပမာ ကုမ္မဏီ တစ်ခုမှာ network ချိတ်မယ်။ computer အလုံး ၆၀ လောက်ချိတ်မယ်။ လက်ရှိသုံးနေတဲ့ Switch ကိုသုံးပြီး Star Topology ချိတ်မယ်ပေါ့။ အဲဒီ အလုံး ၆၀ လောက်ကိုတပ်ဖို့ Switch မှာ အပေါက်မလုံလောက်ပါဘူး။ အဲဒါဆို ဘယ်လို လုပ်မလဲ။ ဈေးကွက်ထဲမှာ ရှိတဲ့ 48 port switch နှစ်လုံးဝယ်မယ်။ ပြီးရင် အဲဒီ Switch နှစ်လုံးကို cable ကြိုးတစ်ချောင်းနဲ့ ချိတ်မယ်။ ကျန်တဲ့ အပေါက်တွေကို ကွန်ပျူတာတွေ လိုက်ထိုးမယ်ပေါ့။ ကဲ အဲဒါဆို စဉ်းစားကြည့်ပါ။ Switch နှစ်လုံးကို ကြိုးတစ်ချောင်းထဲနဲ့ ချိတ်တဲ့ အခါ ဘာဖြစ်နေလဲ ဆိုတော့ Bus Topology ပုံ ဖြစ်နေတယ်လေ ။ တစ်ကယ့်လက်တွေ့မှာ Topology တွေ ရောနှောနေတာကို တွေ့ရပါတယ်။ အဲဒါကို နည်းပညာအရ Hybrid Topology လို့ ခေါ်ကြပါတယ်။

No comments:

Post a Comment