ဒီတစ်ခါ LES:3 အနေနဲ့ ကျွန်တော် Network Topologies တွေအကြောင်း ပြောချင်ပါတယ်။
Network Topologies ဆိုတာကတော့ မြန်မာလို ပြောမယ်ဆိုရင် နက်ဝက် Layout အထိုင် ပေါ့
။ ပုံမှန်အားဖြင့် ဆိုရင် ကျွန်တော်တို့က Network တစ်ခု စဆင်မယ် ဆိုရင် ဘယ်လို
ပုံစံနဲ့ ဆင်မလဲ ဆိုတာကို စပြီး စဉ်းစားရမယ်ပေါ့ဗျာ ။ အဲလို စဉ်းစားခန်းတွေ အတွက်က
အခြေခံ Basic ကို သိ့ထားမှ ၊ Theory တွေကို သိ့ထားမှသာလျှင် အဆင်ပြေနိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ Network Topologies တွေ အကြောင်း
လေ့လာကြည့်ရအောင်ဗျာ။ပထမဦးဆုံး ပြောဦးမယ်နော်။ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေတဲ့
လူတစ်ယောက် ဖြစ်တဲ့ အတွက် အမှားလေးတွေ ပါခဲ့ရင်နားလည်ပေးကြပါ။
Network Topologies
(1) Bus Topology
(2) Ring Topology
(3) Star Topology
(4) Mesh Topology
(1) Bus Topolog
ကျွန်တော်တို့ Network အစ Bus ကလို့
ဆိုရိုးရှိပါတယ်။ ဒီ Topology (ထော်ပေါ်လော်ဂျီ) က နက်ဝက်ရဲ့ ပထမဦးဆုံး နည်းပညာပါ။
သူက ဘယ်လို မျိုးလဲ ဆိုတော့ ကွန်ပျူတာတွေကို Cable တစ်ချောင်းထဲပေါ်မှာပဲ Series
ချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော် ပုံနဲ့လဲ ပြပေးပါ့မယ်။ Cable ကြိုး
တစ်ချောင်းထဲပေါ်မှာပဲ ကွန်ပျူတာတွေကို အတန်းလိုက် ချိတ်ဆက်ထားပြီး ကြိုးရဲ့
ထိပ်နှစ်ဘက်မှာ Terminator လို့ခေါ်တဲ့ 50 Ohm resistor တွေတပ်ဆင်ထားရပါတယ်။ သူ့ကို
သုံးတဲ့ Cable အမျိုးအစားကတော့ Coaxial Cable ကြိုးပါ။ လွယ်လွယ်ပြောရရင် ဒီနေ့
အသုံးပြုနေတဲ့ TV, စလောင်းကြိုးပေါ့ဗျာ။ ကြိုးတစ်လျှောက်မှာတော့ ကွန်ပျူတာတွေက
လိုတဲ့ နေရာကနေ T-Connector နဲ့ BNC-Connector တို့ကို အသုံးပြုပြီး
ချိတ်ဆက်ရပါတယ်။ ကြိုးရဲ့ ထိပ်နှစ်ဘက်မှာတော့ အပေါ်က ပြောသလို Terminator တွေ
ပိတ်ထားပါတယ်။ တစ်ကယ်လို့ Terminiator တွေ မပိတ်ခဲ့ရင် ဘယ်လို ဖြစ်မလဲ ။ Computer
တစ်လုံးက ပို့လိုက်တဲ့ Data က Cable ကြိုးပေါ်မှာ တစ်ရပ်ဆက် သွားနေတော့မှာပေါ့။
အဲဒါဆိုရင် နောက်ကွန်ပျူတာ တစ်လုံးက ဘယ်လို Data ပို့မလဲ ။ အဲဒါကြောင့် terminator
ပိတ်ရတာပါ ။ တစ်ကယ်တော့ ဒီ Topology က ဒီနေ့ခေတ်မှာတော့ အသုံးမပြုတော့ ပါဘူး။
သူ့ရဲ့ အလုပ်လုပ်ပုံကတော့ ကျွန်တော် နားလည်လွယ်အောင် ပြောရရင် ကွန်ပျူတာ တစ်လုံးက
Data ပို့လိုက်မယ်ဆိုရင် တစ်ခြား ကွန်ပျူတာ တွေက ကိုယ့်စီရောက်လာတဲ့ Signal ကို
မိမိနှင့် ဆိုင်မဆိုင် စောင့်ကြည့်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့
Cable ကြိုးပေါ်မှာ ကွန်ပျူတာ တစ်လုံးက data ပို့ထားတယ် ဆိုရင် အဲဒီ Signal
တစ်ခု ရှိနေသမျှ ကာလပတ်လုံး တစ်ခြား ကွန်ပျူတာ တစ်လုံးက data ပို့လို့
မရနိုင်တော့ပါဘူး ။ အဲဒီ ဖြစ်စဉ်ကိုတော့ Signal Bounce ဖြစ်တယ်လို့
ခေါ်ပါတယ်။Access Method အနေနဲ့ကတော့ CSMA/CD လို့ခေါ်တဲ့ (Carrier Sense Multiple
Access / Collision Detection) ကိုအသုံးပြုပါတယ်။ အဲဒီအကြောင်းကိုတော့ ကျွန်တော်
သက်သက်ရေးပေးပါ့မယ်။ နောက်တစ်ခု BUS Network တွေရဲ့ အားနည်းချက်က ကွန်ပျူတာတွေ
ထပ်တိုးပြီးတပ်ဆင် တာနဲ့အမျှ Network ရဲ့ လုပ်ဆောင်မှု အမြန်နှုန်း ကျဆင်းလာပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကွန်ပျူတာအားလုံးက ဒီ Bus တစ်ခုတည်းကိုပဲ မျှဝေသုံးစွဲနေရတဲ့
အတွက် ကွန်ပျူတာ တစ်လုံး data ပို့နေတဲ့ အချိန်မှာ တစ်ခြား ကွန်ပျူတာ တွေက
စောင့်နေရပါတယ်။ အဲဒီလို ကွန်ပျူတာတွေ များလာတာနဲ့ အမျှ မိမိအလှည့်ကျဖို့
စောင့်ရတဲ့ အချိန်ကလည်း ပိုကြာလာပါတယ် ။ ဒါပေမဲ့ အသုံးပြုတဲ့ User ကတော့ Netwrok
ကြီး နှေးနေတယ်လို့ပဲ ခံစားရမှာပေါ့ဗျာ။ နောက်တစ်ခုက Troubleshoot လုပ်ရတာ
အရမ်းခက်ခဲပါတယ်။နောက်တစ်ခုက Network ကြိုးရဲ့ တစ်နေရာမှာ အားနည်းချက်ဖြစ်နေပြီ
ဆိုတာနဲ့ Network ကြီးတစ်ခုလုံး Down သွားပါတယ်။ အဲဒီလို အားနည်းချက်တွေ များတဲ့
အတွက် ကုန်ကျစရိတ်ကလည်း သက်သာပါတယ် ။Speed အနေနဲ့ 10Mbps မှာပဲ ကျဆုံးသွားပါတယ်။
ဒါပေမဲ့ သေချာတာကတော့ ဒီနေ့ ခတ်မှာ အသုံးမပြုတော့ပါဘူး ။ မြင်လည်း
မြင်တွေ့ရဖို့ ခဲယဉ်းပါ တယ်။ အဲလောက်ဆိုရင်တော့ BUS Topology ကို နားလည် လောက်မယ်လို့
ထင်ပါတယ်။
(2) Ring Topology
Ring Topology ဆိုတာတော့ ပုံမှာ
မြင်တွေ့ရတဲ့ အတိုင်း ကွန်ပျူတာ တစ်လုံးက သူ့ရဲ့ ဘေးနှစ်ဖက်မှာ ရှိနေတဲ့ အနီးဆုံး
ကွန်ပျူတာ နှစ်လုံးကို Cable ကြိုးနဲ ချိတ်ဆက်သွယ်တန်းပြီး Network ကြီး
တစ်ခုလုံးကို စက်ဝိုင်းပုံကြီး ဖြစ်အောင် ချိတ်ဆက်ထားတာပါ။ တစ်ကယ့် လက်တွေ့မှာတော့
ပုံထဲကလို စက်ဝိုင်းပုံကြီး မဟုတ်ဘူးနော် ။ Ring မှာတော့ Bus မှာလို အစနဲ့ အဆုံး
မရှိတာကို ခင်ဗျားတို့ သတိထားမိမှာပါ။ Cable က Twisted Pair (သို့) Fiber Cable
နဲ့အသုံးပြုပါတယ်။ သူက တော့ ရှင်းပါတယ် ကွန်ပျူတာ တစ်လုံးက data ပို့လိုက်တဲ့ အခါ
အဲဒီ data packet ကြီးက စက်ဝိုင်းပတ်လမ်း တစ်လျှောက်မှာ နာရီလက်တံအတိုင်း
လားရာတစ်ဖက်တည်းကိုပဲ သွားနေပါတယ်။ အဲဒါကိုမှ ကွန်ပျူတာ တစ်လုံးစီက မိမိနှင့်
ဆိုင်တဲ့ data (သို့) မိမိ လိပ်စာ တပ်ထားတဲ့ data ကိုပဲ လက်ခံ ရယူပြီး ကိုယ်နှင့်
မဆိုင်တာကို ပြန်ပြီး Forward လုပ်ပေးပါတယ်။ကွန်ပျူတာ တစ်လုံးက ပို့လိုက်တဲ့ data
(busy token) က မူလ ပေးပို့တဲ့ ကွန်ပျူတာဆီ ပြန်ရောက်တဲ့ အခါမှသာ အဆုံးသက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ Ring Topology မှာ အဆုံးအစ မရှိတဲ့ အတွက်ပါ။ နောက်တစ်ခုက
Ring Topology မှာ data ပို့လွှတ်ခြင်းကို ကွန်ပျူတာ အားလုံး
ပူးပေါင်းဆောင်ရွက်ရတယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပျူတာ တစ်လုံးက
ပို့လိုက်တဲ့ data ကို တစ်ခြား ကွန်ပျူတာက ကိုယ်နဲ့ မဆိုင်ရင် ပြန်ပြီး Forword
လုပ်ပေးရပါတယ်။ အဲဒီ အချက်ကတော့ Bus Topology နဲ့ မတူညီတဲ့ အချက်တစ်ခုပေါ့။
Ring Topology မှာ MAU (Media Access Unit ) Device ကို အသုံးပြုပါတယ်။
ပုံအရသာ စက်ဝိုင်းပုံကြီးနော် တစ်ကယ့်လက်တွေ့မှာ အဲလို ချိတ်ဖို့ ဆိုတာ
မဖြစ်နိုင်ဘူးလေ ။ အလယ်မှာ MAU လို့ ခေါ်တဲ့ device တစ်ခု ခံပြီး အသုံးပြုရတာပေါ့ ။
အဲဒီ device ထဲမှာမှ Data သွားတဲ့ အခါ အပေါ်က ပြောသလို စက်ဝိုင်းပုံသဏ္ဍန် ဖြစ်အောင်
တည်ဆောက်ထားတယ်ပေါ့ဗျာ။ သူက Token Passing Method ကို အသုံးပြုပါတယ်။ Token
Passing ဆိုတာ အပေါ်မှာ ပြောသလိုပဲ ကွန်ပျူတာ တစ်လုံးက data ပို့နေတဲ့ အခါ တစ်ခြား
ကွန်ပျူတာ တစ်လုံးက ပို့ချင်ရင် Token Free ဖြစ်တဲ့ အထိ စောင့်ရပါတယ်။ Token Free
ဖြစ်ပြီဆိုမှ ပို့လို့ ရတာပေါ့။ သူ့ရဲ့ အဓိက အားနည်းချက်ကတော့ ကွန်ပျူတာ တစ်လုံး
ပျက်ပြီဆိုရင် Network တစ်ခုလုံး သုံးလို့ မရတော့ပါဘူး။ သူလည်းပဲ Speed 10 Mbps ,
20 Mbps လောက်မှာပဲ ကျဆုံး သွားပါတယ်။ ဒီနေ့ ခေတ်မှာအသုံးမပြုတော့ ပါဘူး။ သူ့ရဲ့ အားသာချက်ကိုတော့
Star Topology မှာ အသုံးပြုတဲ့ Swith က ယူသုံးထားတယ်လို့ ပြောလို့ ရတယ်ဗျ။
အဲလောက်ဆိုရင် Ring Topology အကြောင်းကို နားလည်မယ်လို့ ထင်ပါတယ်။
ကဲ ဒီနေ့တော့ ဒီလောက်နဲ့
ကျေနပ်ကြပါဗျာ။ ကျွန်တော့်ရဲ့ လိုအပ်ချက်လေးတွေကိုလည်းနားလည်ပေြး ကပါ။ ထပ်ပြီး ကြိုးစားပါဦးမယ်
….။ ကျန်တဲ့ Topology တွေကိုထပ်တင်ပေးပါ့ မယ်နော်။
No comments:
Post a Comment