Thursday, January 2, 2014

Network Concept


Network ပိုင်းကိုလေ့လာနေတဲ့ သူတစ်ယောက်က သူ့ရဲ့ အခြေခံ သဘောတရားလေးတွေကို နားလည်ထားမှ နောက်ထပ်ပြီး လေ့လာလို့ အဆင်ပြေနိုင်မယ်ပေါ့ဗျာ။ ဘယ်ပညာရပ်မဆို အခြေခံ Concept ကို မသိ့ရင် လေ့လာရတာ အဆင်မပြေနိုင်ပါဘူး ။ အခုမှ စပြီး လေ့လာတဲ့ လူတွေအတွက် နောက် Networking  သင်တန်းစတက်နေတဲ့ လူတွေ အတွက်လဲ စာပြန်နွေးလို့ အဆင်ပြေအောင်ပါ ။ သိ့ပြီးသား လူတွေအတွက်တော့ ထုံးစံအတိုင်း ဆော်ရီးပါဗျာ ။ ပထမဆုံး အနေနဲ့ Type of Network ပေါ့ဗျာ။ အခြေခံအားဖြင့်တော့ Network (3) မျိုး ရှိပါတယ်။

(1)  Local Area Network (LAN)

(2)  Metropolitan Area Network (MAN)

(3)  Wide Area Network (WAN)




နံပါတ် (၁) အနေနဲ့ Local Area Network (သို့) LAN(လန်) ဆိုတာကတော့ အဆောက်အဦးတစ်ခုအတွင်း (သို့) ရုံးတစ်ရုံးအတွင်း ချိတ်ဆက်ထားတာကို LAN လို့ ခေါ်ပါတယ်။ အစပထမဦးဆုံး LAN စတင် ချိတ်ဆက် အသုံးပြုတဲ့ အချိန်တုန်းကတော့ Computer ကနေ Hub ဆီကို 185 မီတာ (ပေ ၆၀၀ ) နှင့် Computer အရေအတွက် ၃၀ လောက် ထိပဲ အသုံးပြုလို့ ရပါတယ်။ Hub တို့ Switch တို့ အကြောင်းကိုတော့ နောက်မှ ပြောပြပေးပါမယ်။ သာမှန်အားဖြင့် LAN ဆိုတာ 2500 m အတွင်း (သို့) အဆောက်အဦး တစ်ခုအတွင်းမှာ ရှိပါတယ်။




နံပါတ် (၂) အနေနဲ့ Metropolitan(မက်ထရို ပိုစ်လီတန်) Area Network (MAN) ဆိုတာကတော့ မြို့တစ်မြို့အတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု မှာ ချိတ်ဆက်ထားခြင်းကို ခေါ်ဆိုပါတယ်။ ဥပမာ အားဖြင့် ရန်ကုန်မှာ ဆိုရင် သာကေတမြို့နယ် က ကွမ်းယာဆိုင်နဲ့ လှည်းတန်းက ကျွန်တော်နေတဲ့ အဆောင်နဲ့ Network ချိတ်ဆက်ထားမယ်ဗျာ အဲဒါဆိုရင်  MAN (မန်) လို့ ခေါ်နိုင်ပါတယ်။


 
နံပါတ် (၃) အနေနဲ့ Wide Area Network (WAN) ဆိုတာကတော့ Across Border ပေါ့ဗျာ ။ နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ချိတ်ဆက်ထားခြင်းကို WAN(၀မ်) လို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့ Chatting ထိုင်နေ ကြတဲ့ Internet ကြီးကို WAN လို့ ခေါ်ပါတယ်။ Internet ရဲ့ အရှည် စာလုံးက Inter Network ပါ။

အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။

ဒီတစ်ခါ ကျွန်တော် Computer Network ရဲ့ အစိတ်အပိုင်းတွေကို အခြေခံ အားဖြင့် ပြောပြပေးပါမယ်။ သူ့ကိုလဲ အခြေခံအားဖြင့် (၃) ပိုင်း ခွဲပြီး ပြောပြပေးပါမယ်။ လုံးဝ Basic လေးပေါ့ဗျာ

(1)  Network Service

(2)  Transmission Media

(3)  Protocol 
No (1) Network Service ဆိုတာကတော့ ကျွန်တော်တို့ လွယ်လွယ်ပြောရရင် စာစီစာရိုက်ဆိုင်တွေမှာ ကွန်ပျူတာ ၄ လုံးလောက်ပဲ ရှိမယ်။ ဒါပေမဲ့ Printer က (၁) လုံးထဲရှိတယ် ။ အဲဒီ  Printer (1) လုံးထဲကို ကျန်တဲ့ Computer ၄ လုံးစလုံးက Network ချိတ်ပြီး Print ထုတ်နိုင်ပါတယ်။ မြင်မှာပါနော် ။ အဲဒါလဲ Network Service ပါ။ နောက် ဟိုဘက် ကွန်ပျူတာနဲ့ ဒီဘက် ကွန်ပျူတာ data တွေကို ထိုင်ရာက မထပဲ ယူသုံးလို့ ရပါတယ်။ အဲဒါကတော့ File Services ပါ။ နောက် Communication Service , Database Services အစရှိသဖြင့် ရှိပါတယ်။ Communication Service ဆိုတာ ကတော့ ကျွန်တော်တို့ အခု Email တွေ ပို့နေတယ် Gtalk တွေ ချက်နေတာ အဲဒါ Communication Service ပါ။

No(2) Transmission Media ဆိုတာကတော့ ဥပမာ ကွန်ပျူတာ နှစ်လုံးကို Network ချိတ်မယ် ။ အဲဒီ Computer နှစ်လုံး ကို ခြားခံပေးမဲ့ Media ပစ္စည်းကို ပြောတာပါ။ဥပမာ Cable ကြိုးနဲ့ ချိတ်မှာလား ဒါမှ မဟုတ် Wireless နဲ့ ကြိုးမဲ့ ချိတ်မှာလား ပေါ့။

No(3) Protocol ကတော့ ခင်ဗျားတို့ နားလည်အောင်ပြောရရင် ဘာသာစကား (Rule) တစ်ခုပါ။ ဘယ်လို မျိုးလဲ ဆိုတော့ အရှင်းဆုံး Computer နှစ်လုံးကို Netwok ချိတ်မယ် ဆိုရင် အဲဒီ Computer နှစ်လုံးက တစ်လုံးနဲ့ တစ်လုံး သုံးတဲ့ Method တူရမယ်ပေါ့ဗျာ ။ ဥပမာ လူနှစ်ယောက် စကားပြောမယ်  ။ တစ်ယောက်နဲ့ တစ်ယောက် ဘာသာစကားမတူရင် ပြောရတာ အဆင်မပြေနိုင်သလိုမျိုးပေါ့ဗျာ။ ဆရာဦးအောင်မျိုးရဲ့ အာပေါ်လေးနဲ့ ကျွန်တော် ထပ်ရှင်းပြပေးပါ့မယ်။ Network မှာ Protocol က အရေးကြီးပါတယ်။ Computer နှစ်လုံးကို လူနှစ်ယောက်လို့ မျက်ဆီထဲမှာမြင်ကြည့်လိုက်ပါ။ တစ်ယောက်က Sender(ပြောသူ) နောက်တစ်ယောက်က Receiver (နားထောင်သူ) ပေါ့ ။ ပထမ အဲဒီ လူနှစ်ယောက်(ကွန်ပျူတာ နှစ်လုံး) စကားပြောဖို့အတွက် Common Language ဘာသာစကားတူရပါမယ်။ နောက် (Grammer) နည်းစနစ် မှန်ရ မယ်ပေါ့ဗျာ။ နောက်တစ်ခါ Typing Speed မှန်ရမယ်ဗျာ။ တစ်ယောက်က Rapper လို ပြောပြီး နောက်တစ်ယောက်က Rocker လိုပြောနေ လို့လဲ အဆင်မပြေနိုင်ဘူးလေ ။ နောက်ဆုံး တစ်ချက်ကတော့ Confirmation (or) Acknowledgement အကြောင်းပြန်ရပါမယ် ။ ဥပမာ တစ်ယောက်က ပြောရင် ကျန်တဲ့ တစ်ယောက်က (ဟုတ်ကဲ့ ၊ အင်း )စသည်ဖြင့် အကြောင်းပြန်ရမယ်ပေါ့ဗျာ ။ Computer နှစ်လုံးမှာလဲ အဲလိုပါပဲ Sender နဲ့ Receiver သုံးတဲ့ protocol Method တူရပါမယ်။ တစ်ခါ Computer တစ်လုံးက Data ပို့လိုက်ရင် ကျန်တဲ့ Computer တစ်လုံးက အဲဒီ Data ကို ရရှိကြောင်း အကြောင်းပြန်ရမယ်ပေါ့ဗျာ ။ အဲလိုမှ မဟုတ်ရင် Computer နှစ်လုံးမှာ ကျန်တဲ့ Computer တစ်လုံးက Data ရရှိကြောင်း အကြောင်းမပြန်တဲ့အတွက် ကျန်တဲ့ ကွန်ပျူတာ တစ်လုံးက Data တွေကို အဆက်မပြတ်ပို့နေမှာပေါ့နော် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အဲလောက်ဆိုရင်တော့ အနည်းအကျဉ်းတော့ နားလည်မယ်လို့ ထင်ပါတယ်။  
ကွန်ပျူတာမှာ သုံးတဲ့ Protocol တွေ အများကြီး ရှိပါတယ်။ အဲဒီ ထဲကမှ  TCP/IP Protocol ကတော့ ဒီနေ့ အသုံးပြုနေတဲ့ protocol ဖြစ်ပါတယ် ။ကျွန်တော်တို့ သုံးနေတဲ့အင်တာနက်ကြီးကလဲ အဲဒီ TCP/IP Protocol နဲ့ Data တွေ သွားလာနေ ကြတာပါ။ 

Protocols
TCP/IP

Apple Talk (အရင် Apple က သုံးပါတယ်)

DE Cnet

NetBEUI (အရင် Microsoft Company က သုံးပါတယ်)

IPX/SPX (အရင်တုန်းက Novell’s Netware က သုံးပါတယ်)

SNA (အရင် IBM က သုံးပါတယ်)

ISO

SUN

Protocol တွေကတော့ အများကြီးပါ ဒါပေမဲ့ အခုအားလုံးက TCP/IP ကိုပဲ သုံးကြပါတယ်။


သက်ဆိုင်သူတွေကို Credit ပေးပါတယ်နော် . . . . .


No comments:

Post a Comment