DesktopVirtualizationSoftwareတွေကိုဘာကြောင်သုံးမလဲ?
VMware, VirtualBox, Virtual PC နဲ့ တစ်ခြား Desktop Virtualization Software တွေအများကြီး ရှိတယ်ဆိုတာကို နည်းပညာလေ့လာနေတဲ့ သူတော်တော်များများ သိ့ပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သာမန် computer အသုံးပြုသူတစ်ယောက်၊ နည်းပညာကို စလေ့လာတဲ့ လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုပြန်တော့လည်း ဒါတွေ ဘာကြောင့်အသုံးပြုရတာလဲ ? အသုံးပြုသင့်သလား အသုံးမပြုသင့်ဘူးလား ဆိုတဲ့ အချက်က အတော် စဉ်းစားရခက်တဲ့ မေးခွန်းဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီ Software တွေရဲ့ အဓိကအကျိုးကျေးဇူးတွေကို သူတို့ သေချာ မသိ့သေးလို့ ပါပဲ။
Desktop Virtualization Software
များစွာရှိပါတယ်။ အဲဒီထဲက ဒီနေ့ နာမည်ကြီးနေတာက Oracle Company ကထုတ်တဲ့ Virtual
Box ၊ VMware ၊ နောက် Microsoft ရဲ့ Virtual PC တို့ကတော့ မသိ့တဲ့သူ မရှိသလောက်
ရှာပါးနေပါလိမ့်မယ်။ ဒီ Software တွေကို အသုံးပြုမယ်ဆိုရင် သာမန် Home User
တစ်ယောက်အတွက် ကုန်ကျစရိတ် နည်းနည်းမှ မရှိတဲ့ freely ဆိုတဲ့ ခံစားမှုမျိုးကို
ရရှိနိုင်ပါတယ်။ (ချွင်းချက်အနေနဲ့ကတော့ ကျွန်တော်တို့ နိုင်ငံက အင်တာနက်
connection အခြေအနေအရတော့ တစ်ခါတစ်လေမှာ Software CD/DVD ဆိုင်တွေကို
အားကိုးရတာတွေတော့ ရှိပါတယ်။ :P )
ပထမဆုံးပြောချင်တာက ဒီ Software
တွေကို အသုံးပြုဖို့အတွက် technical knowledge အများကြီး လိုအပ်လိမ့်မယ်လို့တော့
ခင်ဗျားစိတ်ထဲမှာ မတွေးထင်လိုက်ပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလိုက်ပါ။
တစ်ကယ်တော့ Virtualization software တွေကိုအသုံးပြုဖို့အတွက် ခက်ခဲရှုပ်ထွေးတဲ့
နည်းပညာလိုအပ်ချက်တွေ မပါဝင်ပါဘူး။ ဒီထုတ်ကုန်တွေက ခင်ဗျားအသုံးပြုဖို့အတွက်
ထုတ်ထားပေးတာပါ။
The Purpose of Desktop
Virtualization Software
Virtualization Software တွေကို
အသုံးပြုသင့်တဲ့ အဓိကရည်ရွယ်ချက်ကတော့ Computer ရဲ့ မူလ Operating System ကို
အနှောက်အယှက် တစုံတရာ ပေးခြင်းမျိုးမရှိပဲနဲ့ Virtual Environment အဖြစ် multiple
Operating Systems အသုံးပြုနိုင်ခြင်းပါပဲ။ ဥပမာ - ခင်ဗျားမှာ Windows 7 Laptop
တစ်လုံး ၊ ဒါမှမဟုတ် PC တစ်လုံးရှိနေတယ်။ အဲဒီ Windows 7 OS ပေါ်မှာပဲ Windows XP
ဖြစ်စေ ၊ Linux OS တစ်မျိုးမျိုး ဖြစ်စေ Virtual အနေနဲ့ တင်ပြီး
အသုံးပြုနိုင်ပါတယ်။ နောက်ဆုံး ဒီနေ့ခေတ်မှာ မရှိသလောက်ဖြစ်နေတဲ့ windows 98
တို့လို ထွက်ရှိပြီးတဲ့ OS တွေကိုတောင် လွယ်လွယ်ကူကူနဲ့
ထိတွေ့အသုံးပြုနိုင်ခြင်းပါပဲ။ အဲဒီလို အသုံးပြုလို့ရနိုင်ဖို့အတွက် Computer မှာ
အရင်ဆုံး Virtualization Software တစ်ခုခုကိုတော့ Install လုပ်ထားရပါမယ်။ Virtual
Machines တစ်ခုကို Physical Computer တစ်လုံးလိုပဲ Processor , Memory , Hard Disk
, VGA စသည်ဖြင့် အကုန်လုံးကို တူညီစွာနဲ့ Configure ပြုလုပ်ပေးနိုင်ပါတယ်။ အကယ်၍
PC တစ်လုံးမှာ Windows နှစ်ခုကို Dual Boot အနေနဲ့ တင်ပြီး အသုံးပြုထားမယ်ဆိုရင်
အကြောင်းအမျိုးမျိုးကြောင့် ကျန်တဲ OS တစ်ခုကို အသုံးပြုချင်တယ်ဆိုရင် ခင်ဗျားဟာ
PC ကို Reboot ချပေးမှသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ Desktop
Virtualization Software တစ်ခုခုကိုသာ အသုံးပြုပြီး multiple OS အဖြစ်
အသုံးပြုခဲ့မယ်ဆို၇င်တော့ PC ကို Reboot ချစရာမလိုပဲ တစ်ချိန်တည်း တပြိုင်တည်းမှာ
အသုံးပြုနိုင်ပါလိမ့်မယ်။
အောက်ပါပုံမှာဆိုရင် Virtual Box
Software မှာ OS (4) ခုတင်ထားပြီး ။ Linux Ubuntu OS ကို ဖွင့်ပြီး
အသုံးပြုနေတာကို တွေ့မြင်နိုင်ပါတယ်။
နောက်တစ်ခုကတော့ Virtualization
Software တွေဟာ Network သမားတွေအတွက် တော်တော်ကို အသုံးဝင်ပါတယ်။ Microsoft Server
ပိုင်းကိုလေ့လာနေတဲ့သူတွေအတွက် Gateway Server ၊ VPN Server ၊ Mail Server
စသည်ဖြင့် Server တွေစမ်းတဲ့ နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ နောက်တစ်ခု Cisco
ပိုင်းကို လေ့လာနေတဲ့ network သမားတွေအတွက် GNS လို့ခေါ်တဲ့ Emulator Software ကို
အသုံးပြုပြီး Cisco Router တွေ Cisco Switch တွေစမ်းမယ်။ အဲဒါကို Virtual Box နဲ့
တွဲပြီး Client PC တွေ ၊ Server တွေ နဲ့ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ပါတယ်။
မိမိရဲ့ Physical Computer ရဲ့ Performance ကိုတော့ အတက်နိုင်ဆုံး
မြှင့်တင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
Advantages
(1) Single Computer တစ်လုံးကို
Restart ချစရာမလိုပဲ Multiple Operating System တွေ အဖြစ် အသုံးပြုနိုင်ပါတယ်။
(2) Computer ရဲ့ မူလ OS နဲ့
ရှုပ်ထွေးခြင်းမရှိပဲ virtual environment အဖြစ် သီးသန့် ရပ်တည်ပါတယ်။
ဒါကြောင့် Network အသုံးပြုခြင်း ၊ USB Flash ကိုအသုံးပြုပြီး Data Transfer
လုပ်ခြင်းတို့မှ လွဲပြီး Virus ၊ Malware စသည်တို့ဟာ virtual environment ကနေ
Physical PC ကို ပြန့်နှံ့ခြင်း မရှိနိုင်ပါဘူး။
(3) Old legacy applications
တွေ ၊ Operating System တွေကို ခင်ဗျားရဲ့ နောက်ဆုံးပေါ် computer တစ်လုံးမှာ
အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက ခင်ဗျားမှာ Windows 7 Laptop တစ်လုံးရှိနေမယ်။
အဲဒီအချိန်မှာ ခင်ဗျားရဲ့ အရမ်းအရေးကြီးတဲ့ old legacy application တစ်ခုကို
windows 7 OS က Support မလုပ်ခဲ့ဘူးဆိုရင် Virtualization software တစ်ခုခုကို
အသုံးပြုပြီး old legacy application တစ်ခုအတွက် သင့်တော်မဲ့ operating system ကို
တင်ပြီး အသုံးပြုနိုင်ပါတယ်။
(4) Snapshot Feature ဆိုတာ
ပါဝင်ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ Date/ time တစ်ခုကို အသုံးပြုပြီး virtual
machine ကို restore ပြန်လုပ်နိုင်ပါတယ်။ ဆိုလိုတာက အကယ်၍ Virtual machine မှာ
တစ်ခုခု မှားယွင်းခဲ့မယ်ဆိုရင် မူရင်း ကောင်းတဲ့ အချိန်က အခြေနေ တစ်ခုကို
ပြန်အသုံးပြုနိုင်ဖို့အတွက် Snapshot Feature ကိုအသုံးပြုနိုင်ပါတယ်။
No comments:
Post a Comment