Thursday, January 2, 2014

About Tor Network



ဒီအကြောင်းအရာလေးက အရင်တုန်းက ကျွန်တော့်သူငယ်ချင်း ကိုသူရိန်စိုး ရဲ့ site မှာတင်ဖူးပါတယ်။ ကြာလဲ ကြာပါပြီ။ မသိ့သေးတဲ့ သူတွေအတွက် ပါ။
Tor Network ဆိုတာ Virtul Tunnel အမျိုးအစားထဲက တစ်ခုလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ISP တွေက ပိတ်ပင်ထားတဲ့ Website တွေကို သွားရောက်အသုံးပြု လိုတယ့်အခါမျိုး ဒါမှမဟုတ်ရင် မိမိ Internet အသုံးပြုနေတဲ့ အနေရာအမှန်ကိုမသိစေချင်တဲ့အခါမျိုး တွေမှာအသုံးပြုလို့ရပါတယ်။ Proxy Software တွေကတော့ အများကြီးပါပဲ Freedom, Security KISS , Ultrasurf စသဖြင့် အများကြီးရှိပါတယ်။ ဒါပေမဲ့ Tor ကို အသုံးပြုမယ်ဆိုရင်တော့ ကိုယ်ပိုင် နက်ဝက် တစ်ခုကို အသုံးပြုရသလိုပါပဲ။ ဘာဖြစ်လို့လဲ ဆိုရင်တော့ ဥပမာ Ultrasurf ကိုအသုံးပြုမယ်ဆိုရင် Ultrasurf က သူ့ရဲ့ server ကိုသွားပြီးချိတ်ဆက် အသုံးပြုပါတယ်။ Tor ကတော့ အဲလို မဟုတ်ပါဘူး။ Tor Network က ကမ္ဘာ့နေရာတော်တော် များများ မှာ ရှိနေပြီးတော့ အဲဒီ tor Softwarwe ကလဲ အချိန်နဲ့အမျှ Server တွေကို ပြောင်းလဲ ချိတ်ဆက်ပေးနေပါတယ်။ အဲဒီအတွက် မိမိ ဘယ်နေရာကနေ သုံးနေတယ် ( ဘယ် Server ကနေ) သုံးနေတယ် ဆိုတာကို အလွယ်တစ်ကူ စစ်ဆေးလို့ မရနိုင်တော့ပါဘူး။

Tor အလုပ်လုပ်ပုံ

 



Tor ကို အသုံးပြုချင်တယ်ဆိုရင် အောက်မှာ Download ယူလိုက်ပါ။
ဒီ software က latest တော့ မဟုတ်ပါဘူး။ ကျွန်တော် ဆီမှာရှိတဲ့ software ကိုတင်ပေးလိုက်တာပါ။ နောက် update တွေကတော့ ကိုယ့်ဘာကိုယ် မွှေနှောက်လိုက်ကြပါ။ 
၁။ Vidalia Bundle Setup ဆိုပြီးပေါ်လာပါလိမ့်မယ် Next ကို Click နှိပ်ပါ။
၂။ Tor Install လုပ်ရာမှာ လိုချင်တယ့် Feature တွေကိုရွေးပေးလို့ ရပါတယ်။ ပုံမှန် အတိုင်းဆိုရင်တော့ Full Installation ပဲလုပ်မှာဖြစ်တယ့် အတွက် Select the type of install မှာ Full ကိုရွေးပြီး Next ကို Click နှိပ်ပါ။
၃။ Install လုပ်ချင်တယ့် လမ်းကြောင်းကို ရွေးပြီး Install ကို Click နှိပ်ပါ။


၎။ Install လုပ်ပြီးသွားတယ့် အတွက် Finish ကို Click နှိပ်လိုက်ပါ။




၅။ Tor Control Panel ပေါ်လာမှာဖြစ်ပါတယ်။



၆။ Tor Control Panel အပေါ်ဖက်က Status အောက်ဖက်က ကြက်သွန်နီ ပုံလေး စိမ်းသွားရင် အသုံးပြုလို့ရပါပြီဖြစ်ပါတယ်။
၇။ Tor ကိုအသုံးပြုမယ်ဆိုရင်တော့ Browser ထဲက Proxy Setting ထဲမှာ အောက်ပါအတိုင်းပြင်ပေးရမှာဖြစ်ပါတယ်။


Proxy Address : localhost (or) 127.0.0.1
Ports : 8118


No comments:

Post a Comment