Thursday, January 2, 2014

About Cisco Router Boot Sequence



Cisco ပိုင်းကို လေ့လာနေတဲ့ သူတွေအတွက် ကျွန်တော်သိ့သလောက် နည်းနည်း မျှဝေ ပေးတာပါ။ ဆရာတွေကတော့ ဒီ post ကိုကျော်ဖတ်သွားလိုက်ပါ။ Router တစ်လုံးကို Power ဖွင့်လိုက်ရင် အဲဒီ Router က ဘယ်လို စပြီး အလုပ်လုပ်သလဲ ??? Cisco အဆင့်ထိရောက်ပြီဆိုတော့ အခြေခံ Computer Hardware လောက်တော့ ကျွမ်းကျင်မှာပါနော်။ အဲဒါဆို Computer တစ်လုံးကို Power ခလုတ်ဖွင့်လိုက်ရင်ရော ဘယ်လို အလုပ်လုပ်လဲ ??? တစ်ကယ်တော့ router က computer ရဲ့ boot sequence နဲ့ သဘောတရားချင်း အတူတူပါပဲ။ Hardware တွေသာ ကွာခြားသွားတာပါ။ ကျွန်တော်အောက်မှာ ရေးပြတာလေးကို computerနဲ့ တူလားလို့ ခင်ဗျားတို့ စဉ်းစားကြည့်လိုက်ပေါ့ ..... ???
Computer မှာ CPU ပါတယ်။ Router မှာလဲ CPU ပါပါတယ်။

Computer မှာ RAM ပါတယ်။ Router မှာလဲ RAM ပါပါတယ်။

Computer မှာ OS နဲ့ Data သိမ်းဖို့အတွက် HDD ပါတယ်။ Router မှာလဲ IOS သိမ်းဖို့အတွက် Flash Memory ပါပါတယ်။

Computer မှာ ROM ဆိုတဲ့ Program ပါတယ်။ Router မှာလဲ ROM ဆိုတဲ့ Program ပါတာပါပဲ။

စဉ်းစားလို့ရအောင် လမ်းကြောင်းပေးကြည့်တာပါ။ .... ကျန်တာတော့ ကိုယ့်ဘာသာကိုယ် ဖြည့်ပြီး စဉ်းစားကြည့်လိုက်ပေါ့။ computer ROM ထဲက ဘာတွေ ပါလဲ ဘာတွေ လုပ်လဲ ။ router ROM ထဲကရော ဘာတွေ ပါလဲ ။ ဘာတွေ လုပ်လဲ ။ 


Router Boot Sequence




 
၁။ ပထမဆုံးအနေနဲ့ Router ကို Power ဖွင့်လိုက်ရင် POST ဆိုတဲ့ Power-On Self Test ဆိုတဲ့ လုပ်ငန်းကြီး စလုပ်ပါတယ်။ ကွန်ပျူတာမှာရော အဲလိုပဲထင်တယ် ။ ကျွန်တော်တော့ သေချာမသိ့ဘူး။ အဲဒီ POST က Router ထဲမှာ ပါဝင်တဲ့ Hardware Components တွေ ကောင်းမွန်စွာ အလုပ်လုပ်ရဲ့လား ဆိုတာကို ပထမ စစ်ဆေးပေးပါတယ်။ နောက်တစ်ခု Router ရဲ့ Different Interfaces များကိုလဲ စစ်ဆေးပေးပါတယ်။ POST က Router မှာတော့ ROM ထဲမှာနေတယ်။ Computer မှာရော ဘယ်ထဲမှာ နေလဲဗျ ???


၂။ ဒုတိယ အနေနဲ့တော့ Cisco IOS ကိုရှာဖွေဖို့နဲ့ Load လုပ်ဖို့အတွက် Bootstrap ဆိုတဲ့ program လေးက လုပ်ဆောင်ပေးပါတယ်။ အဲဒီ Program လေးလဲ ROM ထဲမှာ နေပါတယ်။ Cisco IOS ဆိုတာကတော့ Flash Memory ထဲမှာရှိပါတယ်။ Cisco IOS ကိုစစ်ဆေးဖို့နဲ့ သူ့ရဲ့ version ကိုကြည့်ဖို့အတွက်ကတော့ router ရဲ့ Privileged Mode မှာ show flash ဆိုတဲ့ command ကိုသုံးပြီး ကြည့်နိုင်ပါတယ်။ Computer မှာရော Operating System တက်ဖို့အတွက် Boot File ကိုရှာတယ်ထင်တယ်နော် ။


၃။ တတိယ အနေနဲ့ Configuration File ကိုရှာဖွေပေးပါတယ်။ Cisco IOS ကို Load လုပ်ပြီးတဲ့ အခါ NVRAM ထဲမှာ Configuration File ကို သွားရှာပေးပါတယ်။ Configuration File ဆိုတာတော့ ရှင်းပါတယ်။ ကျွန်တော်တို့ configure လုပ်ထားတဲ့ Name , IP , Setting ဘာညာတွေပေါ့။ 


၎။ ဒီတစ်ခါတော့ Startup-config File က NVRAM မှာရှိနေခဲ့တယ်ဆိုရင် Router က RAM ပေါ်သို့ Copy ကူးပြီး ပို့ဆောင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာတော့ config file တွေက ကျွန်တော်တို့ RAM ပေါ်မှာ Running-Config File အနေနဲ့ ရောက်သွားပါတယ်။ running config ဆိုတာ မသိမ်းရသေးတာပေါ့။ Save လုပ်လိုက်မှ Startup config လို့ခေါ်တာပါ။ Router ရဲ့ boot sequenceက ဒီလောက်ပါပဲ။ 


လိုအပ်ချက်တွေကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ Network ပိုင်းက အွန်လိုင်းပေါ်မှာ ဆရာတွေ များတယ်လေ။ ကျွန်တော်က အမှုန်တစ်မှုန်စာပဲ ရှိတာပါ ။ အခုရေးတယ်ဆိုတာလဲ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်တာ လိုအပ်ချက်တွေ ရှိနေမှာ သေချာတယ်။


No comments:

Post a Comment