Thursday, January 2, 2014

Linux Kernel ကို အစပျိုးတီတွင်သူ


 



Linux Kernel ကို အစပျိုးတီတွင်မှုအတွက် လူသိ့များ ထင်ရှားတဲ့ ဖင်လန်နိုင်ငံသားလေး လင်းနစ်စ် ဘန်နီဒစ် တိုးရ်ဗောက်စ် (Linus Benedict Torvalds) ကို ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ဟယ်စင်ကီးမြို့မှာ မွေးဖွားခဲ့ပါတယ်တဲ့ဗျာ ။ သူက Software Engineer နှင့် Hackerတစ်ယောက် လည်း ဖြစ်ပါတယ်။ ကိုလင်းနစ်စ်ကြီး (ခေါ်) တိုးရ်ဗောက်စ်က ၁၉၈၈ ခုနှစ် နဲ့ ၁၉၉၆ ခုနှစ်များအတွင်းမှာ ဟယ်စင်ကီး တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး သူ့ရဲ့ ကွန်ပျူတာ Science ဆိုင်ရာ မာစတာဘွဲ့အတွက် Linux: A Portable Operating Systemစာတမ်းကို ရေးသားပြုစုခဲ့ပါတယ်။ ကိုလင်းနစ်စ်ကြီးက သူရဲ့ ကျောင်းသား အပေါင်းအပါတွေနဲ့ Unix နှင့် မတူတဲ့ Minix ဆိုတဲ့ program တစ်ခုကို project လုပ်ကြရင်းနဲ့ PC တွေမှာ သုံးဖို့အတွက် Unix ကို Linux လို့ နာမည်ပေး ကင်ပွန်းတပ်ပြီး ၁၉၉၁ ခုနှစ်မှာ Version 0.11 ဆိုပြီး တစ်ကမ္ဘာလုံးကို အင်တာနက်ကနေ စပြီး ဖြန့်ပေးခဲ့လိုက်တာပေါ့ဗျာ။ တစ်ကယ်တော့ အဲဒီ Linux ဆိုတဲ့ နာမည်လေးက Unix နဲ့ သူ့နာမည် Linus ကို ပေါင်း လိုက်တာပါ။ နောက် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလမှာ Intel ကထုတ်တဲ့ 80386 ကို အခြေခံထားတဲ့ IBM PC တစ်လုံးကို ၀ယ်ပြီး Prince of Persia ဂိမ်းကို ရေးသားခဲ့ပါသေးတယ်။  နောက်ပြီး commodore VIC-20 နှင့် Sinclair QL ကွန်ပျူတာ စက်တွေကိုလည်း ၀ယ်ပြီး အဲဒီထဲက Operating System ကို ပြင်ဆင်ရေးခဲ့ပါတယ်။  အဲဒီ အချိန်တုန်းက သူရေးတဲ့ assembly Language, text editor နှင့် cool man အမည်ရှိတဲ့ Pac-Man Clone ဂိမ်းတို့က နာမည် ကြီးခဲ့ပါသေးတယ်တဲ့ဗျာ။ ၁၉၉၇ မှ ၁၉၉၉ ခုနှစ်များအတွင်း သူသည် linux နှင့် unix အတွက် အလုပ်များစွာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအတွက် MIT Technology Review TR100 တွင် အသက် ၃၅ နှစ်အောက် တီတွင်သူ လူငယ်ပညာရှင်တစ်ဦး အဖြစ် မှတ်တမ်း တင်ခြင်း ခံခဲ့ရသေးတယ်။ သူက Linux စနစ်ကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင်ပေးခဲ့သလို Linux Foundation ကို တည်ထောင်ရာတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သူတစ်ယောက်ပါ။ တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာတ၀ှမ်းက programmers တွေက အဲဒီ linux ကို ထပ်ဖြည့်ခြင်း ၊ အချောသတ် ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ကြရင်းနဲ့ Linux ဆိုတာ ဒီနေ့ Standard Unix System တစ်ခုမှာ ပါဝင်တဲ့ Features တွေအတိုင်း ပြည့်စုံအောင် လုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Linux ဆိုတာ ဘယ်လိုမျိုးလည်း ဆိုတော့ ဒီနေ့ ခေတ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Windows , Windows NT, Mac OS တွေနဲ့ မတူညီတာက linux က ပိုပြီး စွမ်းအားမြင့်ပါတယ်။ ဘယ်ဟာမဆို ပုံသေကြီး မရှိဘူး။ အသုံးပြုသူ user တစ်ယောက်က programming language ကို ပိုင်နိုင်သူ တစ်ယောက် ဖြစ်ရင် Operating System တစ်ခုလုံးကို ကိုယ့်စိတ်ကြိုက် ပြန်ရေးလိုက်လို့ ရပါတယ်။ နောက်တစ်ခု Linux ဆိုတာ အလကားရတာပါ။ Windows လို ၀ယ်သုံးစရာ မလိုပါဘူး ။ ကျွန်တော်တို့ နိုင်ငံမှာလည်း နှောင်တစ်ချိန်မှာDeveloped ဖြစ်လာနိုင်ဖို့ရှိပါ တယ်။ အခုတောင် Ubuntu တို့ Fedora တို့ တော်တော်များများ သုံးနေကြတယ်။အင်တာနက် ဆိုင်တွေတောင် Linux Server တွေထောင်ပြီး သုံးတာတွေ ရှိလာပါတယ်။ Linux က Professional Level သုံး Office Suites ကနေ Multimedia ပိုင်း၊ Internet Services တွေ၊ Development Tools တွေ တော်တော်များများကိုလည်း Support လုပ်ပါတယ်။ နောက်ပြီး Application တွေကလည်း online ပေါ်မှာ ပြည့်နေတာပဲဗျာ ။ မူးတောင် မူးတယ်။ ဟိုးအရင် ကွန်ပျူတာတွေရဲ့ အစဖြစ်တဲ့ဆယ် စုနှစ်တော်တော်များများမှာ mainframe နှင့် Minicomputer တွေမှာ အသုံးပြုခဲ့ကြတဲ့ Unix System ကနေ ဆင်းသက်လာခဲ့တဲ့ Linux ကို ကျွန်တော်တို့ လည်း သိ့ထားဖို့ အချိန်တစ်ခုကို ရောက်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာ IP Law တွေ ပေါ်လာတဲ့ အခါ Microsoft Winodws ကိုပိုက်ဆံပေးပြီး ၀ယ်သုံးမဲ့အစား အခုလို အလကားရတဲ့၊ နောက်ပြီး open source လည်း ဖြစ်တဲ့ Linux ကိုပဲ သုံးမှာပေါ့ဗျာ ။ ဟုတ်တယ် မဟုတ်လား ။ ပြသနာ တစ်ခုခု ဖြစ်ရင်လည်း အွန်လိုင်းပေါ်တက်လိုက် ကူညီမဲ့ အဖွဲ့အစည်းတွေက အများကြီးပဲ ။ အခုဆို Ubuntu အဖွဲ့တွေ ကျွန်တော်တို့ နိုင်ငံမှာတောင် ရှိနေပြီ။ ကို လင်းနစ်စ်(Linux Torvalds ) ကြီးစခဲ့တဲ့ Linux က အခုဆိုရင် PC Version အပြင် Network Server တွေ၊ workstation တွေမှာ အသုံးပြုဖို့အတွက်ပါ ရွှေးချယ်စရာတွေ အများကြီး ရှိနေပါတယ်ဗျာ ။ကိုလင်းနစ်စ် ကြီး တစ်ယောက်ကတော့ ၂၀၁၀ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ပြီး အခုထိ linux နှင့် ပက်သက်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နေပါတယ်ဗျာ ။


No comments:

Post a Comment