Thursday, January 2, 2014

How to Use BackTrack 5 R2 on VMWare Player


 


ဒီပို့စ်လေးက ဒီနေ့ခေတ် Security သမားတွေ ၊ Hacker တွေရဲ့ လက်စွဲ Back Track OS ကို စမ်းအသုံးပြုချင်တဲ့သူတွေ အတွက် ရည်ရွယ် ရေးသားလိုက်ခြင်း သက်သက်ပါ။ BackTrack 5 R2 ကို March 1 (2012) မှာ Official Released လုပ်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ Back Track နဲ့ပတ်သက်လို့ ၊ နောက်တစ်ခု hacking နည်းပညာများနဲ့ ပတ်သက်လို့ ကျွန်တော် ကိုယ်တိုင်လည်း မကျွမ်းကျင်သလို ၊ ရေးဖို့လဲ စိတ်ကူးမရှိပါ။ ဘာကြောင့်လဲဆိုတာတော့ ... ?? စိတ်ဝင်စားတဲ့သူတွေ လေ့လာချင်တဲ့သူတွေ အနေနဲ့လည်း အွန်လိုင်းမှာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။ Hacking Site တွေ၊ Forum တွေက တဆင့်လဲ လေ့လာနိုင်ပါတယ်။

ပထမဆုံး ခင်ဗျားလုပ်ရမှာက Back Track ကို စမ်းအသုံးပြုမယ်ဆိုမှတော့ Back Track OS တော့ ရှိနေရပါ တော့မယ်။ ကျွန်တော်ကိုယ်တိုင်တဲ့ ဒီလောက်ကြီးတဲ့ Size ပမာဏ ကို upload တင်မပေးနိုင်ဘူးဗျာ။ အဲဒီတော့ သူရဲ့ Official Site တစ်ခုဖြစ်တဲ့ www.backtrack-linux.org ကိုသွားလိုက်ပါ။ Register and Download ဆိုတာကို မရွှေးတော့ပါဘူး။ ရိုးရိုးပဲ download ဆွဲပါမယ်။ Download ကိုနှိပ်ပါ။


BackTrack Release : BackTrack 5 R2, Window Manager: GNOME , Architecture : 32 bits , Image Type : VMWare , Download Type: Direct ကိုရွှေးပြီး Click to Download ဆိုတာကို နှိပ်ပါ။ Site ကတော့ 1.89 GB ရှိပါတယ်ဗျာ။ စိတ်ရှည်ရှည်နဲ့တော့ Download ဆွဲဖို့ လိုအပ်ပါလိမ့်မယ်ဗျာ။


BackTrack ကို download ဆွဲပြီးပြီဆိုရင်တော့ VMWare Player ကို Install လုပ်ပေးရပါလိမ့်မယ်။ တစ်ကယ်လို့ VM Ware Player မရှိခဲ့ရင်တော့ အောက်ကလင့်မှာ ရယူနိုင်ပါတယ်။
သူ့ရဲ့ Official site မှာ သွားပြီး download ဆွဲမယ်ဆိုလဲ ရပါတယ်။

Step (1) Download ဆွဲထားတဲ့ BackTrack 5 R2 ကို Zip ဖြည်ပြီး Desktop ပေါ်မှာ ဖြစ်ဖြစ် တင်ထားလိုက်ပါ။



Step (2) VM Ware Player ကိုဖွင့်ပါ။ File Menu ထဲက Open a Virtual Machine ကိုနှိပ်ပါ။



Step (3) အဲဒီမှာ အစောက Zip ဖြည်ထားတဲ့ BackTrack 5 Folder (BT5R2-GNOME-VM-32) ကို ရွှေးပေးလိုက်ပါ။

Step (4) Play Virtual Machine ကိုနှိပ်ပြီး Back Track ကို Run ပေးလိုက်ပါ။


Step (5) VM Ware Player က Back Track OS စပြီး Boot လုပ်နေပါလိမ့်မယ်။ ပြီးရင်တော့ Bt Login ဆိုပြီး တောင်းပါလိမ့်မယ်။ root လို့ရိုက်ထည့်ပေးလိုက်ပါ။ Password ကိုတော့ toor လို့ ရိုက်ထည့်ပေးလိုက်ပါ။


Step (6) root@bt: ဆိုတာရောက်လာရင် startx  ဆိုတဲ့ Commands  ကိုရိုက်ပေးလိုက်ပါ။ VM Ware Player ပေါ်မှာ Back Track 5 R2 ကို တင်လို့ပြီးပါပြီ။


ဒီအကြောင်းအရာလေးက Back Track OS ကို စိတ်ဝင်စားလို့ စမ်းသုံးကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်သာ ရည်ရွယ် ရေးသားလိုက်ခြင်း ဖြစ်ပါသည် ။

သက်ဆိုင်သူများကို Credit ပေးပါတယ်နော် . . .


No comments:

Post a Comment