Saturday, January 4, 2014

5-4-3 rule and Ethernet Network Standare



 


1/    5-4-3 Rule

2/    10Base2

3/    10Base5

4/    10BaseF

5/    10BaseT

6/    100BaseFX

7/    100BaseT

8/    100VG-AnyLan

9/    1000BaseCX

10/    1000BaseLX

11/    1000BaseSX

12/    1000BaseT



၁။   5-4-3 rule


5-4-3 rule ဆိုတာ Ethernet Network ကွန်ယက် အမျိုးအစားတွေ ချိတ်ဆက် တည်ဆောက်တဲ့အခါမှာ လိုအပ်သောသတ်မှတ်ပေးရမယ့် ကန့်သတ်ချက် စည်းမျဉ်း Limitation တွေကို သတ်မှတ်ပေးထားသော Rule ဥပဒေသ တစ်ခုပဲဖြစ်တယ်။ ပြောရမယ်ဆိုရင် ဒီ 5-4-3 Rule ကို Coaxial Cable ကို အသုံးပြုပြီး ကွန်ယက်ချိတ်ဆက်တဲ့ Ethernetကွန်ယက်တွေမှာ အသုံးပြုပါတယ်။ ဆိုလိုတာက ဒီ 5-4-3 rule ဆိုတာ Ethernet Network ချိတ်ဆက်တဲ့အခါလိုအပ်သော စည်းမျဉ်းစည်းကမ်းတွေပဲ ဖြစ်ပါတယ်။ 5-4-3 rule ဆိုတာက Five Segment (Segment ငါးခု)၊ Four Repeater (Repeater လေးခု)၊ three Populated Segment (Popular ဖြစ်သော Segment သုံးခု) တို့ပဲ ဖြစ်တယ်။ ဒါ Ethernet network အတွက် သတ်မှတ်ပေးထားသော rule ဖြစ်တယ်။ Ethernet ကွန်ယက်တစ်ခု ချိတ်တော့မယ်ဆိုရင်

အနည်းဆုံး Segment ၅ ကို အသုံးပြုမှာ ဖြစ်တယ်။ ဒီနေရာမှာ Segment ဆိုတာ Cable ကို ပြောတာ။ Cable ကလည်း Coaxial Cable ဖြစ်တယ်။ အဲ့ဒီ Coaxial Cable ၅ ခုကို ချိတ်ဆက်တဲ့အခါမှာလည်း Repeater ၄ ခုခံပြီးတော့ ချိတ်ပေးရမှာ

ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသော Ethernet ကွန်ယက်တိုင်းဟာ Bus Topology ကိုပဲ

သုံးတာဖြစ်တဲ့အတွက်ကြောင့် Repeater ၄ ခုနှင့် ချိတ်ပေးရတာ ဖြစ်တယ်။ အဲ့ဒီ ချိတ်ထားသော Cable Segment ၅ ခုမှာ၃ ခုကိုပဲ Node တွေ၊ ကွန်ပျူတာတွေ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်တယ်။ ဒါကိုပဲ Three Populate Segment လို့ပြောတာ ဖြစ်တယ်။ ဒီတော့ Segment ၃ ခုကိုတော့ ကွန်ပျူတာတွေ၊ Station တွေနဲ့ ချိတ်ဆက်ပြီးပြီ၊ ကျန်တဲ့ Segment၂ ခုကိုကော မချိတ်ဘူးလားဆိုတော့ ကျန်တဲ့ ၂ ခုက အလှမ်းဝေးသော Station တွေနှင့် Data တွေပို့တဲ့အခါ  သုံးရန်ထား

ထားခြင်း ဖြစ်တယ်။



၂။    10Base2


ဒီ 10 Base 2 ကလည်း Ethernet Network တစ်ခုတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ Standard အမျိုးအစားတစ်ခု

ဖြစ်ပါတယ်။ 10Base2 ဆိုတာ 802.3 Ethernet Thin Coaxial Cable အတွက် Destination တစ်ခု ဖြစ်တယ်။

တနည်းအားဖြင့် အဲ့ဒါကို Thinnet, Thinwire, Cheapernet ဟုလည်း ခေါ်ကြပါသေးတယ်။  ဘာဖြစ်လို့လည်းဆိုတော့ Station တွေကို ချိတ်ဆက်တဲ့အခါမှာ Thin Coaxial Cable ပိန်ပါးသော၊ သေငယ်သော Coaxial Cable ကို အသုံးပြုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 10Base2 မှာ 10 ဆိုတာက Cable ရဲ့ Bandwidth ကိုပြောတာ ဖြစ်ပါတယ်။ 10

က 10 Mbps ရှိတဲ့ Bandwidth ဖြစ်တယ်။ Base ကတော့ အဲ့ဒီ Ethernet Thin Coaxial Cable နှင့် ချိတ်ဆက် အသုံးပြုထားသော နည်းပညာ Baseband Transmission Technology ဖြစ်တယ်။ 2 ဆိုတာက ဒီ ကွန်ယက်မှာ သုံးတဲ့ Coaxial Cable အမျိုးအစားဟာ အနည်းဆုံး မိတာ 200 ရှိတယ် ဆိုတာကို ရည်ညွှန်းပြီး 2 လို့ ရေးတာဖြစ်တယ်။ ဒါတွေကို

ကြည့်ပြီးတော့ပဲ 10Base2 လို့ ဖြစ်လာတာ ဖြစ်တယ်။ 10Base2 ဟာ Institute of Electrical and Electronic Engineers(IEEE) က ထုတ်လုပ်သော 802 Porject ရဲ့ 802.3 ကို အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်တယ်။ 10Base2 network ဟာ Bus Topology မှာ သုံးတဲ့ပုံစံနဲ့ တူပါတယ်။ အဲ့ဒီမှာ Station ကွန်ပျူတာတွေကို ချိတ်ဆက်တဲ့အခါ

ကွန်ပျူတာတစ်လုံးကို Cable ကြိုးရှည်တစ်ချောင်းစီနဲ့ Backbone နှင့် တိုက်ရိုက်ချိတ်ဆက်တာ ဖြစ်တယ်။ အဲ့ဒီမှာ သုံးတဲ့Cable ကြိုးဟာ အနည်းဆုံး 185 မီတာ ထိရှည်ပါတယ်။ သုံးတဲ့ ပုံစံကတော့ 5-4-3 Rule ကို သုံးတာ ဖြစ်တယ်။ နောက်ပြီးကွန်ပျူတာ တစ်လုံးနှင့် တစ်လုံးကြားက အကွာဝေးဟာ အနည်းဆုံး 0.5 မီတာကွာရမှာ ဖြစ်တယ်။ Station ကွန်ပျူတာနှင့်ချိတ်ဆက်တဲ့အခါ BNC Connector ခေါင်းလေးကို သုံးတာ ဖြစ်တယ်။



၃။    10Base5


10Base5 ကတော့ 802.3 Ethernet Thick Coaxial Cable အတွက် သုံးတဲ့ Destination တစ်ခု  ဖြစ်ပါတယ်။

Ethernet Thick Coaxial Cable ကို တနည်းအားဖြင့် Thicknet သို့မဟုတ် Thickwire လို့လည်း ခေါ်ပါသေးတယ်။ဒါကြောင့် 10Base5 ကိုလည်း တနည်းအားဖြင့် Thicknet သို့မဟုတ် Thickwire လို့လည်း ခေါ်ပါတယ်။ အဲ့ဒီလိုခေါ်ရခြင်းက Netwok ချိတ်ဆက်တဲ့အခါမှာ Station တွေကို ချိတ်တဲ့အခါမှာ Thick Coaxial Cable ကို

အသုံးပြုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 10Base5 ကို တနည်းအားဖြင့် Standard Ethernet လို့လည်း ခေါ်သေးတယ်။ဘာဖြစ်လို့ အဲ့လိုခေါ်တာလည်းဆိုတော့ 10Base5 ဟာ Ethenet ကွန်ယက်ရဲ့ ပထမဆုံးသော အမျိုးအစား

တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ 10Base5 ဆိုတာလဲ 10Base2 လိုပဲ သူ့ရဲ့ Bandwidth  က 10Mbps ရှိပါတယ်။ ဒီ 10Base5 ကလည်း 10Base2 လိုပဲ IEEE ကနေ ထုတ်လုပ်လိုက်တဲ့ အမျိုးအစားတစ်ခု ဖြစ်တယ်။ နောက်ပြီး BusTopology လိုပဲ Cable နှင့် ကွန်ယက်ဆင်တဲ့အခါမှာ Linear ဖြောင့်တန်းတဲ့ပုံစံကို အသုံးပြုပါတယ်။ Station ကွန်ပျူတာတစ်လုံးကို Cable ကြိုး တစ်ချောင်းစီသုံးပြီး ချိတ်ဆက်တာ ဖြစ်တယ်။ Base ဆိုတာက Baseband ကို ပြောတာ

ဖြစ်တယ်။ အဲ့ဒီမှာ သုံးတဲ့ Cable ကလည်း အနည်းဆုံး 500 မီတာ အရှည်ရှိပါတယ်။  ဒါကို အစွဲပြုပြီးတော့လည်း 10Base5 လို့ ခေါ်တာ ဖြစ်တယ်။ အဲ့သလို မီတာအရှည်အကွာအဝေးဟာ ဝေးတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီမှာ အသုံးပြုဖို့ရန် Repeater

၂ ခု ကိုအသုံးပြုပြီးတော့ Segment တွေကို ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ Sigment (Cable) ၅ ခုနှင့်

ချိတ်ဆက်မယ်ဆိုရင်တော့ Repeater ၅ ခုလိုမှာ ဖြစ်တယ်။ ပြောရရင် 10Base5 မှာ 5-4-3 rule ကို အသုံးပြုခြင်း

ဖြစ်ပါတယ်။
10Base5 Segment မှာ Station ကွန်ပျူတာ အလုံးပေါင်း 100 ထက်ပိုပြီးတော့ ချိတ်ဆက်လို့ မရပါဘူး။ ဒီ 10Base5

ဟာ ကွန်ပျူတာတွေကို ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ 10Base2 လိုမျိုး Station ကွန်ပျူတာတွေ နှင့် Thicknet Cable

ကို တိုက်ရိုက်ချိတ်ဆက်တာ မဟုတ်ပါဘူး။ ကြားထဲမှာ Transceiver တစ်ခုခံပြီးတော့ ချိတ်ဆက်တာ ဖြစ်တယ်။

Transceiver ကို Thicknet Cable နှင့် ချိတ်ပေးရတယ်။ အဲ့ဒီ Transceiver နှင့် ချိတ်ဆက်တဲ့အခါ အသုံးပြုတဲ့

Connector ကတော့ Vampire Tap လို့ခေါ်တဲ့ Connector ကို သုံးတာ ဖြစ်တယ်။ အဲ့တော့ တစ်ဖက်က Cable ကို

Transceive မှာ ချိတ်လိုက်ပြီးတဲ့အခါ အဲ့ဒီ Transceiver ရဲ့ တစ်ဖက်က Cable ကြိုးတစ်ချောင်းလာပြီးတော့ Station

ကွန်ပျူတာတွေဆီက Network Card ကို ချိတ်ဆက်တာ ဖြစ်တယ်။ ပြောရရင် Backbond ကြီးနဲ့

ကွန်ပျူတာချိတ်ဆက်ဖို့အတွက် ကြားထဲမှာ Transceiver တစ်ခုခံပေးရတာ ဖြစ်တယ်။  Backbond ကနေမှ Transceiver

သို့ ဆက်သွယ်ထားသော Coaxial Cable ကြိုးမှာ အနည်းဆုံး 2.5 မီတာခန့်လောက် ရှည်ပါတယ်။ Transceiver ကနေ

ပြန်ထွက်တဲ့ကြိုးက မီတာ 50 ခန့်လောက် ရှည်တယ်။ အဲ့ဒီ Thicknet Cable ရဲ့အဆုံးကို ပိတ်တဲ့ Connector ကတော့

N-Series Connector ပဲ ဖြစ်တယ်။

10Base5 network ကို အများအားဖြင့် ကြီးမားတဲ့ Network ကွန်ယက်တွေအတွက် Backbone

အနေနဲ့သုံးကြတာများပါတယ်။





၎။    10 Base F


ဒါကလည်း Ethernet Network အတွက် ထုတ်လုပ်ထားသော Standard အမျိုးအစားတစ်ခုပါပဲ။ 10 Base F ဟာ

တခြား 10Mbps Ethenet Technology တွေနှင့် မတူပါဘူး။ ဘာကွာတာလဲဆိုတော့ ဒီ 10 Base F က တခြား 10 Mbps

Ethernet Technology တို့လိုမျိုး Unshielded Twisted-Pair (UTP) Cable ကို မသုံးပဲနှင့် Fiber-Optic Cable ကို

အသုံးပြုပြီးတော့ ကွန်ယက်ချိတ်ဆက်တာ ဖြစ်တယ်။ ဒီ 10 Base 5 ကလည်း (IEEE) ကနေ ထုတ်လုပ်လိုက်သော

နည်းပညာတစ်ခု ဖြစ်ပါတယ်။

10 Base F ဟာ 10 Base T နှင့် အလားသဏ္လာန် တူပါတယ်။ 10 Base T အကြောင်းကတော့ နောက်မှာ

ပါလာပါလိမ့်မယ်။ ဒီ 10 Base F ဟာ Network ချိတ်ဆက်တဲ့အခါမှာ Star Topology ဖြင့် ချိတ်ဆက်တာ ဖြစ်တယ်။

အဲ့လိုချိတ်ဆက်တဲ့အခါမှာ Fiber-Optic Hub ကနေမှတဆင့် Station တွေဆီကို Network ကြိုး ချိတ်ဆက်တာ ဖြစ်တယ်။

Fiber-Optic Hub နှင့် Station ကွန်ပျူတာတွေဆီကို ဆက်သွယ်တဲ့ Fiber-Optic Cable ကြိုးအရှည်ဟာ 2 Kilometer

ရှည်ပါတယ်။ ဒီ 10 Base F Network တွေမှာ အသုံးပြုတဲ့ Fiber-Optic Cable အမျိုးအစားကတော့ 62.5 micron Diameter Fiber-Optic Cable ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Cable တွေကို ပိတ်တဲ့၊ Terminater အဆုံးကို ပိတ်ပေးသော Connector မှာ ST နှင့် SMA Connector တို့ပဲ ဖြစ်ပါတယ်။ 10 Base F Network ဟာ ST Connector နှင့် SMA Connector ကို အသုံးပြုတယ်။ Fiber-Optic  Cable ကို အသုံးပြုတဲ့အခါမှာ Channel နှစ်ခုသွားတဲ့ Two-Strand Multimode Fiber Optic Cable ကို အသုံးပြုတာ ဖြစ်တယ်။ Channel တစ်ခုက Data တွေကို Transmit လုပ်ဖို့အတွက်နှင့် နောက်တစ်ခုက Data တွေကို Receive လုပ်ဖို့အတွက် ဖြစ်ပါတယ်။

10 Base F Network မှာ အမျိုးအစား ၃ မျိုး ကွဲပြားလျက်ရှိတယ်။ ၄င်းတို့မှာ-

၁။    10 Base FB

၂။    10 Base FL

၃။    10 Base FP တို့ပဲ ဖြစ်တယ်။



10 Base FB က Fiber Optic Cable ပေါ်မှာ Data တွေပို့တဲ့အခါ ဘယ်လို Synchronous Data Transmission



ဖြစ်သလဲ ဆိုတာကို သတ်မှတ်ပေးတာ ဖြစ်တယ်။ 10 Base FL က Nodes, Hub နှင့် Concentrator တို့ကြား Link ဆက်သွယ်ပေးသော Fiber Optic Cable ရဲ့ Characteristic ကို သတ်မှတ်ပေးတာ ဖြစ်တယ်။  10 Base FP က Repeter ကို အသုံးမပြုပဲနဲ့ Star Topology ကို ဘယ်လို Implement လုပ်မလဲဆိုတာကို သတ်မှတ်ပေးသည်။



၅။    10 Base T


ဒီ 10 Base T ကလည်း Ethernet Network မှာ သုံးတဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်တယ်။ 10 Base T ဟာ 10 Mbps ရှိတဲ့ Ethernet တွေထဲက ပေါ်ပြူလာ အဖြစ်ဆုံး ပုံစံတစ်ခု ဖြစ်ပါတယ်။ ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ Unshielde Twisted Pair (UTP) Cable နှင့် Hub ကို အသုံးပြုပြီးတော့ Station တွေကို ချိတ်ဆက်တာ ဖြစ်ပါတယ်။ 10 Base T ဟာ 10 Mbps ရှိပါတယ်။ သူကလည်း IEEE ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ 10 Base T Network ဟာ Star Topology ကို အသုံးပြုပါတယ်။ ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ အသုံးပြုသော Cable ဖြစ်တဲ့ UTP Cable ထဲမှာမှ 10 Base T က အသုံးပြုသော Cable တွေကတော့ Category 3, Category 4, Category 5 တို့ကိုပဲ သုံးတာ ဖြစ်တယ်။ အသုံးပြုသော Connector ခေါင်းကတော့ RJ 45 Connector ပဲ ဖြစ်ပါတယ်။ 10 Base T မှာ Station တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးသော ကြိုးအကွာဝေးက အနည်းဆုံး မီတာ 100 ရှိပါတယ်။ တကယ်လို့ အဲ့ဒီ မီတာ 100 ထက် ပိုပြီးတော့ ကြိုးရှည်ခဲ့မယ်ဆိုရင်တော့ ကြားထဲမှာ Repeater ခံသုံးရမှာ ဖြစ်ပါတယ်။



၆။    100 Base FX


နောက်တစ်ခုဖြစ်တဲ့ 100 Base FX ကတော့ Fast Ethernet Network အတွက် ထုတ်လုပ်ခဲ့သော Standard တစ်မျိုးပင် ဖြစ်တယ်။ 100 Base FX ဟာ Fast Ethernt ရဲ့ Version တစ်ခုပဲ ဖြစ်တယ်။ Backbone အနေနဲ့အသုံးပြုကြတာများတယ်။ 100 Base FX သည် 802.3u ကို အခြေခံသော နည်းပညာတစ်ခု ဖြစ်တယ်။ 802.3u မှာ IEEE က ထုတ်လုပ်ခဲ့သော 802.3 ကနေမှ ထပ်မံချဲ့ထွင်လိုက်သော Standard တစ်ခုပါပဲ။ တခါတရံ 100BaseFX နှင့် နောက်သူနဲ့ဆက်နွယ်နေသော Standard တစ်ခုဖြစ်တဲ့ 100 Base TX တို့ကို ပေါင်းစပ်ပြီးတော့ 100 Base Xလို့လည်းခေါ်သေးတယ်။ 100 Base FX Network ဟာ Star Topology ကို သုံးပါတယ်။ အဲ့ဒီမှာ အသုံးပြုတဲ့ အမျိုးအစားတွေကတော့ Fiber Optic Cable နှင့် 100Mbps ရှိတဲ့ Fiber Optic Hub နှင့် Ethernet Switch တို့ကို အသုံးပြုတယ်။ အဲ့လို အသုံးပြုတဲ့အခါမှာ Hub ကနေမှ Station ကွန်ပျူတာတွေဆီကို ချိတ်ဆက်တဲ့ Fiber Optic Cable ကြိုးမှာ 412 မီတာ ရှည်ပါတယ်။ အသုံးပြုတဲ့ Fiber Optic Cable Grade ကတော့ Channel နှစ်ခုဖြစ်တဲ့ Two-Strand Multimode Fiber Optic Cable ကို သုံးတယ်။ တစ်ခုက Data အချက်အလက်တွေကို Transmit လုပ်ဖို့အတွက် ဖြစ်ပြီး၊ နောက်တစ်ခုက ကျတော့ Data အချက်အလက်တွေကို Receive လုပ်တာ ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်း သင်အသုံးပြုမယ်ဆိုရင်တော့ Two-Strand Signal Mode Fiber Optic Cable ကို အသုံးပြုပါ။ တကယ်လို့ Two-Strand Multimode Fiber Optic Cable ကို အသုံးပြုမယ်ဆိုရင်တော့ 62.5 Micron Core Diameter ကို အသုံးပြုမှရမှာ ဖြစ်တယ်။



၇။    100 Base T


100 Mbps Data Transmission ရှိသော Ethernet Standard အမျိုးအစားတစ်ခု ဖြစ်တယ်။ IEEE 802.3u ကနေမှ

သတ်မှတ်ထားသော အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီ 100 Base T ဖြစ်တဲ့ Fast Ethernet ကို Backbone တွေအတွက်

အသုံးပြုပါတယ်။ 100 Base T ကို ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်တဲ့အခါတွေမှာ Backbone အဖြစ် အသုံးပြုကြတယ်။

နောက်ပြီး High Speed မြင့်မားသော Server တွေကို ချိတ်ဆက်တဲ့အခါမှာ အသုံးပြုပြီးတော့ Bandwidth ကြီးတဲ့

Software တွေ ဖြစ်တဲ့ CAD တို့၊ Multimedia Application တွေ အသုံးပြုတဲ့ Workstation တွေကို

ချိတ်ဆက်တဲ့အခါတွေမှာ ဒီ 100 Base T ကို အသုံးပြုကြပါတယ်။

100 Base T ဟာ Network Collision ဖြစ်မှုကို Detect လုပ်ပေးနိုင်သော Carrier Sense Multimedia Access

(CSMA/CD) Method ကို အသုံးပြုပါတယ်။ ဒီ 100 Base T Ethernet ကို တနည်းအားဖြင့် Fast Ethernet လို့လည်း

တစ်မျိုးခေါ်သေးတယ်။



၈။    100 VG-AnyLan

100VG-AnyLan ဆိုတာလဲ Fast Ethernet တစ်မျိုးပါပဲ။ Hwelett-Packard ကနေ ထုတ်လုပ်ထားသော

နည်းပညာပေါ်မှာ အခြေခံထားသော Ethernet တစ်မျိုး ဖြစ်တယ်။ သူက Communication လုပ်တဲ့အခါမှာ 100Mbps ဖြင့်

အလုပ်လုပ်တာ ဖြစ်တယ်။ ဒီ 100VG-AnyLan မှာ IEEE က ထုတ်လုပ်ထားသော Project 802 ရဲ့ 802.2 Specification

ပေါ်မှာ အခြေခံပြီးတော့ အလုပ်လုပ်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ 100VG-AnyLan ကို တနည်းအားဖြင့် 100BaseVG

ဟုလည်း ခေါ်ပါတယ်။



100VG-AnyLan Network ဟာ ကွန်ပျူတာတွေကို ကွန်ယက်ချိတ်ဆက်တဲ့ပုံစံမှာ Star Topology ဖြစ်တယ်။

ကွန်ယက်မှာ အသုံးပြုတဲ့ Cable တွေကတော့ Unshielded Twisted Pair (UTP) Cable, Shielded Twisted Pair

(STP) Cable နှင့် Fibe Optic Cable တို့ကို သုံးတယ်။ ကြားခံအသုံးပြုတဲ့ Hub တွေ Switch တွေကတော့ 100Mbps

ရှိတဲ့ Hub သို့မဟုတ် Switch တို့ကို အသုံးပြုပါတယ်။ အကယ်၍ 100VG-AnyLan မှာ UTP  Cable ကို

အသုံးပြုတဲ့အခါမှာ   Category 3, Category 4, Category 5 Cable တွေကို အသုံးပြုပါတယ်။ အဲ့ဒီလို UTP Cable

ဖြစ်တဲ့ Category 3, Category 4 နှင့် STP Cable တို့ကို အသုံးပြုတဲ့အခါမှာ Segment တစ်ခုကို မီတာ 100 စီ

အရှည်ရှိရပါမယ်။ အကယ်၍ Category 5 Cable ကို အသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး အရှည်မီတာ 200 စီ ရှိရပါမယ်။

100VG-AnyLan သည် Fast Ethernet နှင့် မတူတဲ့အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ 100VG-AnyLan

သည် CSMA/CD Method ကို အသုံးမပြုခြင်းပင်။ CSMA/CD Method မှာ Network Collision ဖြစ်မှုကို Detect

လုပ်ပေးနိုင်သော Method တစ်ခု ဖြစ်တယ်။  100VG-AnyLan သည် အဲ့ဒီ CSMA/CD Method ကို အသုံးမပြုပဲ

Demond Priority Method ကို အသုံးပြုတယ်။ ဒီ Demond Priority Method က Network Collision Overhead

ဖြစ်မှုကို လျှော့ချပေးတယ်။

၉။    1000 Base CX


အခုပြောမယ့် 1000 Base CX ကတော့ Gigabit Ethernet Network အတွက် ထုတ်လုပ်ထားသော Standard

အမျိုးအစားတစ်မျိုး ဖြစ်တယ်။ 1000 Base CX မှာ CX ဆိုတာက Short-Haul Copper ကို ပြောတာ ဖြစ်တယ်။

ဘာကိုပြောတာလဲဆိုတော့ Gigabit Ethernet ရဲ့ ဒီ 1000 Base CX ဆိုတာ Copper Cable ပေါ်မှာ ရှိနေတဲ့ Cable

အတိုလေးကို ပြောတာ ဖြစ်တယ်။ Gigabit Ethernet Standard အမျိုးအစားတွေကို IEEE က ထုတ်လုပ်ထားသော

Project 802 ရဲ့ 802.3z standard အမျိုးအစားတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။ 1000 Base CX

အမျိုးအစားဟာ Enterprise Level Network တွေမှစပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ဖြစ်တယ်။

အဓိကအားဖြင့်တော့ အဲ့ဒီ 1000 Base CX ကို Collapsed Backbond တွေ အတွက် အသုံးပြုကြတာ များတယ်။ High

Speed မြင့်မားစွာ ဆက်သွယ်ရသော နေရာတွေမှာလည်း အဓိက အသုံးပြုကြတယ်။

1000 Base CX သည် Standard Ethernet Technology နည်းပညာတွေကို Gigabit Level Network Speed

အဆင့်အဖြစ်သို့ ပြောင်းလဲလိုက်သော Extension နည်းပညာတစ်ခု ဖြစ်တယ်။ 1000 Base CX Network ဟာ Shielded

Twisted Pair (STP) Cable ကို အသုံးပြုတာ ဖြစ်တယ်။ အဲ့ဒီမှာ အသုံးပြုတဲ့ Cable ဟာ Segment တစ်ခုစီကို

အများဆုံးမီတာ 25 မီတာပဲ အရှည်ရှိရပါမယ်။  1000 Base CX ဟာ 8B/10B Coding နှင့် အလုပ်လုပ်တာ ဖြစ်တယ်။

Data အချက်အလက်တွေကို Transfer လုပ်တဲ့အခါမှာ Serial Transmission Rate ကတော့ 1.25 Gbps ထိ ရှိပါတယ်။ ဒီ

1000 Base CX ကွန်ယက်မှာသုံးတဲ့ STP Cable အမျိုးအစားမှာ 150 Ohm Balance Cable အမျိုးအစား ဖြစ်ပါတယ်။

အနည်းဆုံး IBM Type 1 Cable တော့ အရည်အသွေးမှာ နည်းနည်းပဲဖြစ်ဖြစ် ပိုကောင်းရမှာ ဖြစ်တယ်။
ဒီ 1000 Base CX ကို အဓိကအားဖြင့် Speed မြင့်မားသော Hub တွေ၊ Ethernet Switch တွေနှင့်၊ Router တွေ

အချင်းချင်းကို ဆက်သွယ်ရာမှာ အသုံးပြုရန် အဓိကထားပြီး အသုံးပြုကြတာ ဖြစ်တယ်။

၁၀။    1000 Base LX

Gigabit Ethernt Network တွေမှာ အသုံးပြုသော Standard တစ်ခု ဖြစ်တယ်။ ဒီ 1000 Base LX ရဲ့ LX ဆိုသည်မှာ

Long ရှည်လျားမှုကို ပြောတာ ဖြစ်တယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ ရှည်လျားသော Fiber Optic Cable ပေါ်မှာ Data

Transmission ကို လုပ်ဆောင်နိုင်ဖို့အတွက် အသုံးပြုတာ ဖြစ်တယ်။ Gigabit Ethernet Standard အမျိုးအစားတွေကို

IEEE က ထီထွင်ထုတ်လုပ်ထားသော Project 802 ရဲ့ 802.3z standard မှာ အမျိုးအစား သတ်မှတ်ထားတာ ဖြစ်တယ်။

1000 Base LX network ကို Enterprise Level Network မှာ ကျယ်ကျယ်ပြန့်ပြန့် စတင် အသုံးပြုလာကြပါတယ်။

နောက်ပြီး အဆောက်အဦးတွေနှင့် Compus ပရ၀ုဏ်တွေများမှာ အသုံးပြုသော Long Cable ကြိုး အရှည်တွေအတွက်

အဓိကအသုံးပြုတာ ဖြစ်တယ်။



ဒီ 1000 Base LX network ဟာ လည်းပဲ Standard Ethernet Technology တွေကို Gigabit Level Network

Speed တွေ အဖြစ်ပြောင်းလဲလာသော Extension တစ်ခု ဖြစ်တယ်။ 1000 Base LX သည် Signal Mode Fiber Optic

Cable သို့မဟုတ် Multimode Fiber Optic Cable နှစ်မျိုးထဲက တစ်မျိုးမဟုတ်တစ်မျိုးကို အသုံးပြုတာ ဖြစ်တယ်။ Cable

Segment ကတော့ အသုံးပြုတဲ့ Cable Grade ပေါ်မူတည်ပြီးတော့ ကွဲပြားတာ ဖြစ်တယ်။ Signal mode Fiber ဆိုလို့ရှိရင်

အနည်းဆုံး Cable Segment ဟာ မီတာ 5000 ရှိရမယ်။ 50-micron Multimode Fiber Cable ဆိုရင်တော့ မီတာ 550

အရှည် သုံးရမယ်။ ဒါမှမဟုတ် 62.5-Micron Multimode Fiber Cable ဆိုရင် မီတာ 440 ရှိရမှာ ဖြစ်တယ်။



၁၁။    1000 Base SX


ဒါကလည်း Gigabit Ethernet Network အတွက် ထုတ်လုပ်လာခဲ့သော Standard အမျိုးအစားတစ်ခု ဖြစ်တယ်။ SX

ဆိုတာ Short အတိုကို ပြောတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် Fiber Optic Cable မှာ အသုံးပြုသော Short Cable အတိုပေါ်မှာ Short Wavelength Transmission လုပ်ရန်အတွက် အသုံးပြုတာကို ရည်ရွယ်ပြီး ပြောတာ ဖြစ်တယ်။ ဒီ 1000 Base SX ကိုလည်း Enterprise Level Network တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ရန်အတွက် စတင် အသုံးပြုလာခဲ့သော နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အဆောက်အဦးတွေအတွင်းမှာ ကွန်ယက်ချိတ်ဆက်တဲ့အခါ Shorter Cable အတိုတွေအတွက် အဓိက အသုံးပြုကြပါတယ်။



1000 Base SX သည် Multimode Fiber Optic Cable တစ်ခုကိုပဲ အသုံးပြုတာ ဖြစ်တယ်။ Cable Segment

အရှည်ကတော့ အသုံးပြုတဲ့ Cable Grade ပေါ်မှာပဲ မူတည်တာ ဖြစ်တယ်။ တကယ်လို့ 50-Micron Multimode Fiber

Cable ကို အသုံးပြုမယ်ဆိုရင်တော့ Cable ရှည်ဟာ မီတာ 500 ရှည်မှာ ဖြစ်တယ်။ ဒါမှမဟုတ် 62.5-Micron Multimode

Fiber Cable ကို အသုံးပြုမယ်ဆိုရင် Cabele အရှည်ဟာ 220 မီတာပဲ အသုံးပြုရမှာ ဖြစ်တယ်။



၁၂။    1000 Base T


ဒါကလည်း Gigabit Ethernet Network တွေ တည်ဆောက်ဖို့အတွက် ပေါ်လာသော Standard တစ်မျိုးပဲ ဖြစ်တယ်။ 1000 Base T မှာ T ဆိုတာက Cover UTP Cable ပေါ်မှာ Transmission လုပ်နိုင်ဖို့အတွက် 10 Base T နှင့် 100 Base T Technology နည်းပညာကို ချဲ့ထွင်လိုက်သော Extension နည်းပညာတစ်ခုပဲ ဖြစ်တယ်။ IEEE ကနေ

သတ်မှတ်ထားသော နည်းပညာတစ်ခု ဖြစ်တယ်။ ဒါကလည်း Enterprise Level Network မှာ အသုံးပြုသော နည်းပညာတစ်ခု ဖြစ်တယ်။ ဒီ 1000 Base T နည်းပညာကို Cable တိုသော နေရာတွေမှာနှင့် High Speed မြင့်မားသော Workstation တွေမှာ အသုံးပြုကြတာ ဖြစ်တယ်။
Standard Ethernet Technology ကို Gigabit Level Network Speed အဖြစ်သို့ ပြောင်းလဲ ချဲ့ထွင်လိုက်သော Extension နည်းပညာတစ်ခုလည်း ဖြစ်တယ်။ 1000 Base T Network ဟာ UTP Cable Version တစ်ခု ဖြစ်သော Category 5 နှင့် Enhanced Category 5 Cable တို့ကို အသုံးပြုတာ ဖြစ်တယ်။ 1000 Base T ဟာ UTP Cable ရဲ့ Four Pair Wire (Wire ကြိုး လေးစုံပဲ) အသုံးပြုတာ ဖြစ်တယ်။ ကျန်တဲ့ Two Pair Wire ကိုတော့ 10 Base T နှင့် 100 Base T Network တို့မှာ အသုံးပြုတာ ဖြစ်တယ်။




Credit to : www.kyawzinlatt.com

No comments:

Post a Comment