Sunday, January 5, 2014

Status Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း

iOS 7+ ကို Jailbreak ထွက်လာပြီးနောက်မှာတော့ iDevice ကို စိတ်ကြိုက် customize (ကလိ) နိုင်မယ့် Tweaks များကို အပြိုင်အဆိုင် ရှာဖွေသွင်းယူ နေကြတာကတော့ လတ်တလောမှာ Hot အဖြစ်ဆုံးဖြစ်နေပါတယ်...

သို့ပေမယ့် Tweaks တိုင်းဟာ iOS 7+ နှင့် Competable မဖြစ်သေးတဲ့ အတွက် Tweaks များသွင်းယူရာမှာ သတိထားပြီးမှ သွင်းယူသင့်ပါတယ်။ အခန့်မသင့်ပါက iOS crash ဖြစ်ပြီး Restore/ReJailbreak လုပ်ရတတ်ပါတယ်။ ဒါကြောင့် iOS 7+ အတွက် ပြင်ဆင်ထားပြီးသော Tweaks များ စာရင်းကို အမြဲ Update ပေးနေပါတယ်..


ယခုတင်ပြမည့် Carrier Logo ကို စိတ်ကြိုက်ဖန်တီးနည်းတွင် "Zeppelin" tweak ကို အသုံးပြုထားပြီး မိမိနှစ်သက်သော Logo များ ဖန်တီးရန် အတွက်မူ Photo/Image Editing လုပ်နိုင်သော (Photoshop/Illustrator) ကဲ့သို့ အစရှိသော software တစ်ခုခုနှင့် ဖန်တီးရမှာ ဖြစ်ပါတယ်။

**Zeppeline သွင်းယူခြင်း**

  • ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
  • Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။


  • ထို့နောက် Settings -> Zeppelin -> Enable ကို ON ပေးပါ။


  • Theme တွင် စိတ်ကြိုက် ရွေးလို့ရပါပြီ...

**စိတ်ကြိုက် Logo ဖန်တီးခြင်း**

ဤနေရာတွင် လိုအပ်သော Software အသုံးချပြီး Logo ဖန်တီးခြင်း ပညာကိုတော့ ကိုယ်တိုင် သိရှိထားရမှာ ဖြစ်ပါတယ်...
ကျွန်တော့် အနေနှင့် Zeppelin နှင့် အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များကိုသာ လမ်းညွှန်သွားမှာဖြစ်ပါတယ်...

>>Logo file အတွက် လိုအပ်ချက်များ<<

  • ပုံတစ်ခုကို Image Size နှစ်မျိုးနှင့် သိမ်းပေးရပါမည်။
  • (120 x 40)pixel နှင့် (60 x 20)pixel ဖြစ်ပြီး 72dpi ထားရှိရပါမည်။
  • Logo file ကို (.png) အမျိုးအစား အဖြစ် Save လုပ်ရပါမည်။

    Save လုပ်ရာတွင် အောက်ပါအမည်များကိုသာ (ပုံသေ) သုံးရပါမည်။
  • black.png
  • black@2x.png
  • etched.png
  • etched@2x.png
  • silver.png
  • silver@2x.png
  • အဖြစ် စုစုပေါင်း (၆) file ဖန်တီးရပါမည်။

  • Image size (120 x 40) အတွက် (.....@2x.png) အဖြစ် Save လုပ်ပါ။
  • Image size (60 x 20) အတွက် (......png) အဖြစ် Save လုပ်ပါ။

>>black, etched, silver စသော file name များ၏ လုပ်ဆောင်ချက်များ<<

  • "black" file သည် status bar အောက်ခံအနက်ရောင် ဖြစ်သည့် အချိန်မှာ အလုပ်ရန် အတွက်ဖြစ်ပါသည်။
  • "etched" file သည် Notification Center တွင် Zeppelin active ဖြစ်နေချိန်တွင် အလုပ်လုပ်ပါလိမ့်မည်။
  • "silver" file သည် status bar အောက်ခံ အဖြူ/ငွေရောင် ဖြစ်နေစဉ်တွင် အလုပ်ရန် အတွက်ဖြစ်ပါသည်။

ထို့ကြောင့် Logo design ဖန်တီးရာတွင် နောက်ခံ အရောင်များ ပြောင်းချိန်တွင် မိမိ၏ Logo လိုက်လျှောညီစွာ ထင်ရှားအောင် တစ်မျိုးစီ ဖန်တီးဖို့လိုပါတယ်။
ဥပမာ။ ။ "black" file အတွက် ဖန်တီးထားသော Logo စာသားသည် အဖြူရောင် ဖြစ်သင့်သည်၊ ဒါမှသာ နောက်ခံအနက်ရောင်မှာ ပေါ်လွင် ထင်ရှားပါလိမ့်မယ်။ အခြား file များအတွက်လည်း သင့်သလို ပြင်ဆင်ရပါလိမ့်မည်။

ဖန်တီးထားသော File (6) ခုလုံးကို Folder တစ်ခုတွင်ထည့်ပြီး Folder ကို မိမိစိတ်ကြိုက် အမည်ပေးပါ (ထိုအမည်သည် Zeppelin ထဲတွင် မိမိ Logo အမည်ဖြစ်မည်)

>>Zeppelin ထဲသို့ Logo ထည့်သွင်းခြင်း<<

- iFunbox / iTools တစ်ခုခုကို အသုံးပြုပါမည်...
  • မိမိ၏ iDevice ကို PC နှင့် ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
  • Raw File System -> Library -> Zeppelin ထဲသို့ သွားပြီး မိမိဖန်တီးထားသော Folder (file ၆ခုပါ) ကို Copy / Paste လုပ်လိုက်ပါ။


    iDevice ၏ Settings -> Zeppelin -> Theme ထဲမှာ တွေ့မြင်ရပါလိမ့်မယ်...

မိမိကိုယ်တိုင် ဖန်တီးမှုများ မပြုမိ ကျွန်တော် ဖန်တီးပေးထားသော "Myanmar Flag" logo လေးကို အထက်ပါနည်းအတိုင်း အရင်အစမ်း သွင်းကြည့်ကြပါလားဗျာ...

>> Download Myanmar Flag for Carrier Logo

အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.... ကိုမိုးသကြားရဲ့ပို့စ်လေးပါ . . .  ပြန် Share ပေးလိုက်ပါတယ်နော် . . .  ကိုမိုးသကြားကိုလည်း Credit ပေးပါတယ်နော် . . . . .

No comments:

Post a Comment