Saturday, January 4, 2014

အိမ်တွင်းမှာ Wi-Fi ကောင်းစေဖို့

Wi-Fi အကွာအဝေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေတယ်ဆိုရင် အရင်ဆုံး လုပ်သင့်တာက Router ထားတဲ့ နေရာကို ပြောင်းကြည့်ဖို့ဖြစ်ပါတယ်။ Router ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ Microwave မီးဖိုတွေ၊ ကြိုးမဲ့ Radio Phone တွေနဲ့ဝေးရာကို ရွှေ့ထားသ့င်ပါတယ်။ ကိုယ့်အိမ်နီးချင်းရဲ့ Wi-Fi network ကလည်း အနှောက်အယှက်ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ခွင့်ပြုမထားတဲ့ ပစ္စည်းတွေက network ထဲရောက်နေသလားဆိုတာ စစ်ဆေးရပါမယ်။ Router တွေရဲ့ Firmware ထဲက Status page ထဲမှာ လက်ရှိ Active ဖြစ်နေတဲ့ DHCP list ကို မြင်နိုင်ပါတယ်။ ကိုယ်ခွင့်ပြုမထားဘဲ ၀င်သုံးနေတယ်ဆိုရင်တော့ ပိတ်ထားလိုက်သင့်ပါတယ်။
တကယ်လို့ ကိုယ့် Wi-Fi က အခန်း ၂ခန်းလောက်ပဲ ဆက်သုံးလို့ရနေတယ်ဆိုရင် Booster တွေသုံးပြီး ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ Booster တွေကို ကုမ္မဏီများစွာက ရောင်းချနေကြသလို ငွေကုန်မခံဘဲ Antenna တွေကို ကိုယ့်ဘာသာကိုယ် လုပ်ကြည့်နိုင်ပါတယ်။ အိမ်က မီးဖိုချောင်မှာ သုံးနေတဲ့ Aluminium foil တွေဟာ Antenna လုပ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ freeantenna.com မှာ အသေးစိတ်ဝင်ရောက်လေ့လာပြီး အိမ်တွင်းက Wi-Fi ကို ပိုကောင်းအောင်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment