Tuesday, January 7, 2014

Jailbroken i Devices တွေမှာ app တွေကို cydia ကနေ source add ပြီး သွင်းလို့အဆင်မပြေခဲ့ရင် deb ဖိုင်ဖြင့် သွင်းနည်း


မိမိသွင်းမဲ့ app ဟာ devices ရဲ့ ios version နဲ့ ကိုက်မကိုက် အရင်လေ့လာဖို့လိုပါတယ်။ Install လုပ်ဖို့အတွက် ifunbox ဒါမှမဟုတ် itools လိုပါတယ်။ device ကို ပါဝါအွန်ထားပြီး ကွန်ပျူတာနဲ့တွဲပါ။ Itunes ကပွင့်လာရင် ပိတ်လိုက်ပါ။
 
Ifunbox ဖြင့်သွင်းနည်း
Ifunbox မှ Raw File System ကိုနှိပ်လိုက်ရင် var ဆိုတဲ့ဖိုဒါလေးတွေ့ရမှာပါ။ var/root/Media/Cydia/AutoInstall အောက်အထိဝင်လိုက်ပါ။တကယ်လို့  AutoInstall ဖိုဒါမရှိသေးဘူးဆိုရင်right click ထောက်ပြီး New folder လုပ်ပါ။Newfolder ကို AutoInstall လို့ rename လုပ်လိုက်ပါ။AutoInsatll ဖိုဒါထဲကို .deb ဖိုင်ကို drag ဆွဲပြီးထည့်ပါ။မျှားအစိမ်းလေးနဲ့ Copy From PC ကနေထည့်လည်းတူတူပါပဲ။ကူးထည့်ပြီးရင် right click နှိပ်ပြီး Refresh လုပ်ကြည့်ပါမှ ကူးထည့်ထားတဲ့ deb ဖိုင်ကိုမြင်ရမှာပါ။ပြီးရင် ဖုန်းကို reboot လုပ်လိုက်ပါ။ ပါဝါပြန်တက်လာရင် Cydia>Manage>package မှာ သွင်းချင်တဲ့ app လေး install လုပ်ပြီးတာတွေ့ရမှာပါ။
 
Itools ဖြင့်သွင်းနည်း
Itools မှ File System ကိုနှိပ်ပါ FileSystem(Jailbreaked) ကိုနှိပ်ပါ။ var ဖိုဒါလေးတွေ့ပြီဆိုရင်တော့ ရှေ့ဆက်ဖို့မခက်လောက်တော့ဘူးထင်ပါတယ်။AutoInstall ဖိုဒါမရှိသေးရင် Create floder လုပ်ပြီး AutoInstall လို့နာမည်ပေးလိုက်ပါ။
ios 4.1 တွေဆိုရင် Zawgyi font နဲ့ keyboard သွင်းချင်ရင် Source နဲ့ အဆင်မပြေတော့ပါ။ဒါကြောင့်မို့ deb file နဲ့ပဲသွင်းရပါတယ်။zawgyi-iOS43-font.deb နဲ့ zawgyi-keyboard-4.1.deb နှစ်ဖိုင်ကို AutoInstall ဖိုဒါထဲထည့်ပြီး Reboot လုပ်လိုက်တာနဲ့ ဖောင့်ရောကီးဘုတ်ရောရသွားပါပြီ။ Setting>General>Keyboard>International keyboards>add NewKeyboard ကိုဝင်ပြီး myanmar မြန်မာ ကိုနှိပ်လိုက်ရင် အသုံးပြုလို့ရပါပြီ။
မြန်မာဖောင့်နဲ့ ကီးဘုတ် အတွက် deb ဖိုင်တွေကို cydia-macforus-old-deb မှဒေါင်းနိုင်ပါတယ်ခင်ဗျာ။

Ref : http://freemobilesharing.blogspot.com/ 

No comments:

Post a Comment