Sunday, January 5, 2014

GRUB 2 Boot Loader” ကိုသုံးပြီး Default OS သတ်မှတ်ပေးကြမယ်


  • ကျနော်တို့အနေဖြင့် Boot အတက်မှာ Default OS ကိုပြောင်းလဲရန်အတွက် လွယ်ကူတဲ့ Application တွေကို အရင်ကသုံးဖူးမှာပါ။ ဒီတစ်ခါလမ်းညွှန်းပေးချင်တာကတော့ မိမိအနေဖြင့် Boot အရင်ဆုံး တက်ချင်သော Default OS ကို ပြောင်းလဲရန် “Grub 2 boot loader configuration file” ကို Manual Editting လုပ်ပုံကိုတင်ပြပေးသွားမှာပါ။
  • ပထမဆုံး မိမိတို့အနေနဲ့သိထားရမှာကတော့ “Grub 2 boot menu” မှာ မိမိရဲ့ Default OS အတွက် သတ်မှတ်ထားသော အရေအတွက်သိရပါမယ်။ ဒါကိုသိရှိနိုင်ရန် ကွန်ပျူတာ Restart ဖြစ်သွားပြီးနောက် Boot Screen ကို ရပ်တန့်ထားနိုင်ရန် Shift Key ကိုဖိထားပေးပါ။ အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်သည်။
boot Time 



  • ပထမစာကြောင်းကို “0″ ၊ဒုတိယစာကြောင်းကို “1″ စသည်ဖြင့် သတ်မှတ်လိုက်ပါ။ ပုံမှာပြပေးထားပါတယ်။ ဒီဥပမာမှာ ကျနော်အနေဖြင့် Windows 7 ကို Default OS သတ်မှတ်ပေးချင်တယ်ဆိုရင် ဒီပုံအရဆိုရင် နံပါတ် “5″ လို့သတ်မှတ်ရပါမယ်။
Default OS ကိုစတင်သတ်မှတ်ပေးကြရအောင်


1. Terminal ကိုဖွင့်းပြီး အောက်ပါ Command ကိုသုံးလိုက်ရင် “Grub config file” ဟာ gedit နဲ့ ပွင့်လာပါလိမ့်မယ်။
sudo gedit /etc/default/grub
2. gedit မှာ အောက်ပါစာကြောင်းကိုရှာလိုက်ပါ။
GRUB_DEFAULT=0
3. “0” ဆိုတာကတော့ Grub boot menu မှာ ပထမဆုံးသော OS ကို Boot ပေးသော “boot loader” ပဲဖြစ်ပါတယ်။ ပုံမှာပြထားသလို အဓိကကျတဲ့ Boot Loader တွေကတော့ “0″ နှင့် “5″ ပဲဖြစ်ပါတယ်။ ဥပမာ Windows 7 ကို ပထမဆုံး Default OS ထားချင်ရင် အောက်ပါအတိုင်း ဖြစ်ရပါမယ်။
GRUB_DEFAULT=5
4. gedit မှာ “GRUB_DEFAULT=0″  စာကြောင်းကိုတွေ့ပြီဆိုရင် မိမိ Default OS ထားချင်တဲ့ Boot Loader ကို ကျနော်ပြပေးထားသော ဥပမာပုံအတိုင်း နံပါတ် သတ်မှတ်ပြီး File ကို Save လုပ်ပေးလိုက်ပါ။ ထို့နောက် “Grub boot loader” ကို Update လုပ်ပေးရပါမယ်။ အောက်ပါ Command ကိုသုံးလိုက်ပါ။
sudo update-grub
5. ထို့နောက် ပြောင်းလဲသိရှိနိုင်ရန် ကွန်ပျူတာကို Reboot လုပ်ပေးလိုက်ပါ။ Boot တက်လာတဲ့အခါ မိမိသတ်မှတ်ပေးထားသော Boot Loader အတိုင်း Boot တက်လာသည်ကို တွေ့ရမည်ဖြစ်ပါတယ်။
အဆင်ပြေပါစေ.. Ubuntu နှင့် ပတ်သက်ပြီး နည်းပညာဗဟုသုတများတိုးပွားနိုင်ကြပါစေ

Credit to : http://ubuntummguide.wordpress.com

No comments:

Post a Comment