Saturday, January 4, 2014

About Samsung ( Rom + Firmware )



    
 
 Samsung ရဲ့ အားသာချက်တွေအားနည်းချက်တွေကိုရှာရင်း
တွေ့မိသိရှိသမျှကို စာဖက်သူတို့ပါသိနိုင်ဖို့မျှဝေလိုက်ပါတယ်။

ကျွန်တော်ကိုယ်တိုင်ရေးထားတာဖြစ်လို့ အလွဲအမှားများပါပါက
ထောက်ပြနိုင်ပါတယ်။
Samsung ဖုန်းတွေဟာ အပြင်ပိုင်းကြည့်ရင် သေသပ်လှပမှုမရှိဘူးထင်ပေမယ့်
တကယ်တမ်း User တွေသုံးတဲ့အခါမှာ အခြားဖုန်းတွေထက်ပိုပြီး User တွေကို
စိတ်ကြေနပ်မှုပေးစွမ်းနိုင်တာတွေ့ရပါတယ်။ဘာကြောင့်လည်းဆိုတာတော့အောက်မှာကြည့်ပါ။
ပထမဆုံးရှင်းချင်တာကတော့Software နဲ့ Hardware ကိုအဓီကထားရှင်းပြချင်ပါတယ်။

(၁)Hardware

Hardware ဟာဆိုရင်ဖြင့် မြင့်မားတဲ့ Processor တွေကိုအဓိကထားအသုံးပြုပေးထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း Phone ရဲ့ Internal Memory နည်းပါးခြင်း၊Phone ထဲမှာ Data မမှက်နိုင်ခြင်း၊File,music,atc…
ဘက်ထရီအစားမခံနိုင်ခြင်းဆိုတဲ့ အားနည်းချက်တွေပါပါတယ်။
(မှက်ချက်။  ။ Internet သုံးတဲ့သူတွေသိမှာပါ။အခြားဖုန်းတွေထက် အားအမြန်ကုန်စေတာကို)

(၂)Software
Software အနေနဲ့ကတော့ အခြားဖုန်းအမျိုးအစားတွေထက်ပိုလွယ်မှုရှိတယ်ဆိုတာကိုတော့ Service သမားတွေသိမှာပါ။

SamsungFirmwareupdateProvide လုပ်တာ၊Roms တွေတင်ရတာတွေကတော့နည်းနည်းစိတ်ပျက်စရာကောင်းပါတယ်။
အခြားအမျိုးအစားတွေက သူတို့ဖုန်းအမျိုးအစားများစွာကို Version အသစ်တွေထပ်မြင့်ခွင့်ပေးထားပေမယ့်
Samsung ကတော့ Ace ကစပြီး 4.0 နဲ့အထက်ကိုမြင့်ခွင့်ပေးထားတာတွေ့ရပါတယ်။
ဗားရှင်းမြင့်ဖို့ဆိုရင် မြှင့်နည်းနှစ်မျိုးရှိပါတယ်။SAMSUNG KIES နဲ့မြင့်တာနဲ့ Odin သုံပြီးမြှင့်တာဆိုပြီးရှိတဲ့အနက်က
Odin နဲ့တင်နည်းရှင်းပြပါ့မယ်။SAMSUNG KIES ကလွယ်ကူလို့ ခက်တဲ့ Odinနဲ့တင်နည်းကိုရှင်းပါ့မယ်။
Samsung မှာ Firmware တင်ဖို့ Odin ဆိုတဲ့ PC Tool တခုနဲ့ TASS_v1.0.ops လိုပါတယ်။အဲ့ Tools နဲ့ ဖိုင်ကတော့
Samsung ရဲ့ Modle အလိုက်မှတင်လို့ အဆင်ပြေမယ်ဗျ။
Firmware တင်ချင်သူများ ၊Root ဖောက်ချင်သူများကတော့ Phone IDEM (သို့) Phone Model အလိုက်
ရှာဖွေတင်ဖို့ လွယ်ကူပါတယ်။ မိမိဖုန်းဘယ်တုန်းကထုတ်တယ်။Firmware Version ဘယ်လောက်ရှိတယ်
ဘယ်နိုင်ငံကထုတ်တယ်ဆိုတာသိဖို့ အောက်ကအတိုင်းစစ်ဆေးကြည့်နိုင်ပါတယ်။မကြည့်ခင် Samsung ရဲ့
Firmware မှာပါတဲ့ ဖိုင်တခုနဲ့တခုဘာအလုပ်လုပ်သလည်းဆိုတာကြည့်ရအောင်ဗျာ..။
PDA       ဆိုတာ operating system ( Phone settings နဲ့ App တွေ ပါတဲ့ဖိုင်ကိုဆိုလိုခြင်း)
PHONE   ဆိုတာ မိမိဖုန်းရဲ့ Hardware ကိုဆက်သွယ်ဖို့အတွက်ပါဝင်တဲ့  modem firmware file တွေကိုဆိုလိုခြင်း)
CSCဆိုတာ ( for consumer software customisation ) လို့ခေါ်တဲ့ သုံးစွဲသူတွေအတွက်ဆော့ဝဲတွေထောက်ပံပေးခြင်းကိုဆိုလိုခြင်း
မိမိဖုန်းကဘယ်နိုင်ငံကထုတ်တယ်၊ဖိုင်းဝဲအမျိုးအစားကဘာဘယ်နေ့ဘယ်လကထုတ်တယ်ဆိုတာသိရဖို့အတွက် အရင်ဆုံး
 ဥပမာ ။  ။ N7000XXKKA(=model)XX(=Region)K(=Year)K(=Month)A(=Revision) ဆိုတာကိုသိထားရပါမယ်။
REGION CODES
BD Cyprus, Greece
CP Finland
DBVietnam
DC Thailand
DD India
DT Australia
DX Indonesia, Malaysia, Philippines, Singapore, Vietnam
DZ Malaysia, Singapore
JA South Africa
JC Algeria, Morocco, Nigeria, South Africa, Tunisia
JP Arabic
JR Arabic
JV Algeria, Egypt, Iran, Iraq, Kuwait, Morocco, Nigeria, Oman, Pakistan, Saudi Arabia, South Africa, Syria, Tunisia, Turkey
MT Switzerland
XA Austria, France, Germany, Italy, Netherlands, Switzerland, United Kingdom
XB Denmark, Norway, Sweden
XC Portugal, Spain
XD Croatia, Czech, Hungary, Slovakia
XE Bulgaria, Estonia, Kazakhstan, Latvia, Lithuania, Russia, Ukraine
XF Bulgaria, Croatia, Romania
XW France, Germany, Italy, Netherlands, Portugal, Spain, Turkey, United Kingdom
XX Austria, Belgium, France, Germany, Hungary, Italy, Spain, United Kingdom
ZC China, Hong Kong
ZH Hong Kong
ZT Taiwan
YEAR CODES
A 2001
B 2002
C 2003
D 2004
E 2005
F 2006
G 2007
H 2008
I 2009
J 2010
K 2011
L 2012
MONTH CODES
A January
B February
C March
D April
E May
F June
G July
H August
I September
J October
K November
L December
REVISION CODES
1 = 1
2 = 2
3 = 3
A = 10
B = 11
C = 12

အပေါ်အတိုင် စစ်ဆေးပြီးပြီဆို Firmware တင်ဖို့အတွက်  *#1234# ကိုရိုက်ပြီးစစ်ဆေးကြည့်ပါ။
ရလာတဲ့ကုဒ်ကို Google မှာရိုက်ထည့်ပြီး မိမိသက်ဆိုင်ရာဖုန်း၏ Firmware ကိုဒေါင်းပေးရပါမယ်။
ဒေါင်းလို့ရတဲ့ Firmware ကို ကွန်ပြူတာမှာအသင့်ထားပေးပါ။ပြီးရင် Samsung Driver ဒေါင်းပြီးထည့်ပေးရအုံးမယ်။
ဒါမှ Odin က သိမှာကိုး။ ပြီးရင် Odin ကိုဖွင့်ထား TASS_v1.0.ops ကိုထည့်  Phone Power ကိုပိတ် Download Mode ထဲဝင် (Vol – key and Power Key)
ပြီးပြီဆိုက phone ကို ကွန်ပြူတာနဲ့ချိတ်။ထိုအခါ Odin မှာ မိမိဖုန်းModel ပေါ်လာပြီဆိုရင် သက်ဆိုင်ရာ
တွေမှာ Firmware Parts တွေကိုထည့် ပြီးရင် Start ကိုနိပ်ပြီး Firmware ကို Flash ပါ။
သုံးမိနစ်လောက်စောင့်ပါ။ပြည့်တာနဲ့ Pass ဆိုတာပြပါလိမ့်မယ်။ဒါဆိုဖုန်း Reboot ကျပြီးပြန်တက်လာပြီး
Firmware တင်ခြင်းအောင်မြင်ပါပြီ။

Rom
——
Andriod Phone တွေမှာ Rom မှာ နှစ်မျိုးရှိပါတယ်။ custom rom နဲ့ Stock Rom ပါ။
custom rom ဆိုတာကတော့ Samsung ကထုတ်တဲ့ Rom မဟုတ်ပဲပြန်ပြုပြင်ထားတာကိုဆိုလိုပါတယ်။
Stock Rom   ဆိုတာကတော့ Samsung ကထုတ်တဲ့ တရားဝင် Rom ကိုဆိုလိုခြင်းဖြစ်ပါတယ်။
Stock Rom တင်နည်းကတော့ အပေါ်က Firmware တင်နည်းနဲ့တူညီတာကြောင့် custom rom
တင်နည်းကိုအကြမ်းဖျင်းရှင်းပါ့မယ်။ပိုစ့်ရှည်မှာဆိုးလို့ပါ 
Custom Rom တင်မယ်ဆိုရင် လိုအပ်တာကတော့

(၁)သင့်ဖုန်းဟာ Root လုပ်ပြီးဖြစ်နေရမယ်။
(၂)သင့်ဖုန်းဟာ CWM (Clock Work Mode)တင်ပြီးဖြစ်နေရပါမယ်။
(၃)မိမိဖုန်းRomအမျိုးအစားလိုက်ကိုရွေးချယ်ပြီး ဒေါင်းပါ။
ပြီးပြီဆိုပါက (Home key +Power Key+Vol+ key),(Home key+Power Key)(or)
(Vol+ key+power key)ကိုနိုပ်ပြီး CWM Mode ထဲဝင်တင်ယုံပါပဲ။

Credit to : http://www.forumformyanmar.com

No comments:

Post a Comment