Sunday, January 5, 2014

Custom ROM ဆိုတာဘာလဲ



အရင်ကလည်း တင်ပေးဖူးပါတယ် . . . ဒါပေမယ့် နောက်တစ်နည်း ဗဟုသုတ ပွားများဖို့ အတွက် ထပ်ပြီး Share ပေးလိုက်တယ်နော် . . . . .


Android ထုတ်အသုံးပြုသူများအနေနဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဆိုဒ်တွေထံ လည်ပတ်ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Android အသုံးပြုသူအများစုာ ROM တွေရဲံအကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ဒါကြောင့် Custom ROM တွေရဲ့အကြောင်းကို မသိသေးသူများအတွက် Custom ROM ကိုအသုံးပြုရမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ဆိုတာဘာလဲဆိုတာရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read Only Memory ကိုအတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို Save လုပ်ဖို့အတါက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read Only ဖြစ်တဲ့အတွက် Modify ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာရည်ညွန်းအသုံးပြုတဲ့အခါမှာတော့ Firmware လို့သုံးနှုန်းတာ အနီးစပ်ဆုံးမှန်ကန်တယ်လို့ ဆိုရပါမယ်။ ROM ကို Android ထုတ်ကုန်တွေမှာ Install လုပ်တယ်ဆိုတဲ့အဓိပ္ပါယ်ဟာ Android software/system file တွေကိုဖျက်ခြင်း (သို့) လက်ရှိဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ Operating System (Window 7, OS x, Linux) တို့ကို re-install လုပ်တဲ့လုပ်ငန်းစဉ်နဲ့တူညီပါတယ်။





Custom ROM ဆိုတာဘာလဲ ၂

Android ROM တွေမှာ Stock ROM နဲ့ Stock ROM ဆိုပြီးနှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကိုဝယ်ယူတဲ့အခါမှာ ပါလာတဲ့ဖုန်းရဲ့ OS ဖြစ်ပါတယ်။ Custom ROM ဆိုတာကတော့ Android ဖြန့်ချီမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ပါတယ်။ Google ဟာ Android source code ကိုမည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၄င်း code ကိုကိုယ်တိုင်ပြောင်းလဲကြပြီး Feature များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်းတဲ့ Tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် Custom ROM တစ်ခုကို Homescreen ပြောင်းလဲခြင်း၊ Background ၀န်ဆောင်မှုများနဲ့ Default software စတာတွေပါဝင်တဲ့ Android ကိုထုတ်ကုန်တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် Custom code ပြောင်းလဲပြင်ဆင်မှုအချို့ပြုလုပ်ထားခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး Feature အများစုဖြည့်စွက်ထားတဲ့ ROM တွေကိုအတူတကွပူးပေါင်းတည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် 70 ကျော်အတွက် အထောက်အပံ့အပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားပြီး ပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP အမြင်ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android တည်ဆောက်မှုများကို သာမာန်လူများကသာ ပြုလုပ်ထားခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ Developer များကပြုလုပ်ထားခြင်းမျိုးမဟုတ်ပေမယ့် အားနည်းချက်အများအပြားရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ်မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် Community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာတွေ့ရပြီး ဖြန့်ချီတဲ့အချိန်ကလည်း တစ်ခုတစ်ခုကွာဝေးခြင်းမရှိပါဘူး။ Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ Software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိနာမည်ကြီးနေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။



-       CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျှင်မြန်စွာနဲအသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။



-       AOKP, http://www.aokp.co ကလည်းနာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်အများစုအတွက်ထောက်ပံ့ပေးထားခြင်းမရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။



-       Android Revolutio HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစု ထောက်ပံပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။





Custom ROM များကိုအသုံးပြုခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများ

- Android ဖြန့်ချီမှုအသစ်ကို ရရှိလိုတဲ့အခါမှာ လပေါင်းများစွာစောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် Custom ROM Developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချီပေးနိုင်ပါတယ်။ ဒါ့အပြင် Feature သစ်ပါဝင်ပြီးအားနည်းချက်တွေကို ပြင်ဆင်ထားတဲ့ Update တွေကို မကြာခဏဆိုသလို ဖြန့်ချီတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို Update ပြုလုပ်တဲ့အခါမှာလည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို  re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။



- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို Install လုပ်တဲ့အခါမှာအလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ Stock  ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။



- Custom ROM တစ်ခုကို Install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှမလိုအပ်တဲ့အရာများကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Root Access လိုအပ်တဲ့ Overclocker လိုမျိုး Application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။





Custom ROM အသုံးပြုရာတွင်သတိပြုရမည့်အချက်များ

-      Custom ROM များကိုအသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီးအသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ Flash လုပ်ငန်းစဉ်ကိုပြုလုပ်တဲ့အခါမှာအမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုား ဖြစ်ပွားမှုနည်းပါးလျှက်ရှိပြီး တကယ်လို အမှားအယွင်းတစ်စုံတစ်ရာနဲ့ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအနေအတိုင်း Restore လုပ်နိုင်ပါတယ်။



-       Custom ROM ကို Install လုပ်တဲ့အခါမှာ Clean wipe ကိုအသုံးပြုဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ Dataတွေအားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး Backup လုပ်ထားရပါမယ်။

Credit to : www.kyawzinlatt.com

No comments:

Post a Comment