Saturday, January 4, 2014

GSM ဖုန်းများတွင် ဖုန်းတစ်လုံးမှ အခြားဖုံးတစ်လုံးသို့ ငွေလွှဲပြောင်း ပေးပို့နည်း



CDMA ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်လည်း

အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800 MHz ဖုန်းများတွင်

အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး

ယင်းငွေလွှဲပြောင်းပေးပို့ခြင်း စနစ်မှာ ဖုန်းတစ်လုံးမှ အခြားဖုန်း တစ်လုံးသို့ ကြိုတင်ငွေပေး

ကတ်ငွေအား ဖြည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းပေးပို့ရာတွင်

မိမိဖုန်းအတွင်းမှ ငွေအား လွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကတ် အသစ်မှ ငွေအား

ခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြုရာတွင် CDMA 800 ဖုန်းဖြင့် 166

ကိုခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက်များအတိုင်း တစ်ဆင့်ချင်း

လုပ်ဆောင်ကာ ငွေလွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော်လည်း ယခု GSM

ဖုန်းများအတွက် ငွေလွှဲပြောင်းပေးပို့ရာတွင် Operator မှတစ်ဆင့် လုပ်ဆောင်ချက်များအတိုင်း သွားရန်

မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။ GSM နှင့်

WCDMA ဖုန်းများ ငွေလွှဲပြောင်း ပေးပို့ရာတွင် ပထမဆုံးအနေဖြင့်  *123* ကို နှိပ်ရမည်ဖြစ်ပြီး


ယင်း၏ နောက်တွင် မိမိဖြည့်သွင်းမည့် ငွေဖြည့်ကတ်၏ နံပါတ်များအား

ရိုက်ထည့်ရမည်ဖြစ်သည်။ ငွေဖြည့်ကတ် နံပါတ်များအား ဖြည့်သွင်းပြီးပါက * ကို ထပ်မံနှိပ်ပြီး

ယင်း၏နောက်တွင် မိမိငွေလွှဲပြောင်း ပေးပို့လိုသော ဖုန်းနံပါတ်ကို ဖြည့်သွင်း ရမည်ဖြစ်ကြောင်း

သိရသည်။

ထိုနောက် #Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်း ထည့်သွင်းပေးလိုသော ဖုန်းသို့

လွှဲပြောင်းငွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ 



ဥပမာ - *123*ငွေဖြည့်ကဒ် Pincode*09xxxxxxxxx# Call ကို နှိပ်ပါ . . .

 ငွေလွှဲပြောင်းရာတွင်နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်က မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်နံပါတ်များ
မှားယွင်းနေကြောင်း Message ပြန်လာမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။

Credit to : MMSD

No comments:

Post a Comment