Sunday, January 5, 2014

Ubuntu ကို Windows 7 ပေါ်မှာ Wubi ဖြင့် Installation ပြုလုပ်လိုသူများအတွက်..

ဒီပို့ကတော့ Ubuntu ကို Windows 7 ပေါ်မှာ Wubi ဖြင့် Installation ပြုလုပ်ပြီး စမ်းသပ်သုံးစွဲလိုသူ User များအတွက် အထောက်အကူဖြစ်စေရန် တင်ပြပေးလိုက်ပါတယ်။ အချို့သော Screenshot တွေက မကြည်လင်၊မရှင်းလင်းတာကိုတော့ နားလည်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။ စာအားဖြင့်သိပ်မရေးတော့ပဲ ပုံများဖြင့် တစ်ဆင့်ချင်းကိုတင်ပြပေးသွားပါမယ်။ PDF Format ပါပြုလုပ်ပြီး တင်ပေးလိုက်ပါတယ်။ Wubi ဖြင့် Installation လုပ်ဆောင်ရန် မိမိ၏ Windows 7 တင်ထားသော ကွန်ပျူတာရဲ့ မည်သည့် Directory မှာမဆို Ubuntu ISO နှင့် Wubi.exe တို့ကို ထားရှိနိုင်ပါတယ်။ အဲလိုထားရှိတဲ့အခါ Folder တစ်ခုထဲမှာ အတူထားရှိဖို့ အကြံပြုလိုပါတယ်။ Wubi ကိုတော့ ဒီမှာ ဒေါင်းလိုက်ပါ။ Ubuntu 11.10 ISO ကိုတော့ ဒီမှာ ဒေါင်းနိုင်ပါတယ်။ ဒါဆို Installation စကြမယ်ဗျာ…….

  • ကျနော်အနေဖြင့် Windows 7 Desktop ပေါ်မှာ Folder တစ်ခုဖန်တီးလိုက်ပြီး Ubuntu ISO နှင့် Wubi.exe ကို ထည့်ထားပါတယ်။
1


  • Installation လုပ်မယ်ဆိုရင် အောက်ပါပုံအတိုင်း Wubi.exe ကို Double Click ပေးလိုက်ပါ။ နမူနာပုံကိုလေ့လာကြည့်ပါ။
  1. Installation Drive ကိုမိမိကြိုက်နှစ်ရာရွေး နိုင်ပါတယ်။ ဒီပုံမှာ Default အတိုင်းပဲ C: Drive ကိုရွေးထားပါတယ်။ Drive D or Drive E စသည်ဖြင့်ရွေးချယ်ပြီး Install လုပ်နိုင်ပါတယ်။
  2. Installatioin Size နှင့် Desktop Enviroment တို့ကိုလဲဒီနေရာသူ့အတိုင်းပဲထားပေးထားပါတယ်။ Installatioin Sizeကိုမိမိလိုအပ်သလောက်ယူနိုင်ပါတယ်။
  3. Language ကိုလဲ Default အတိုင်းပဲထားလိုက်ပါတယ်။
  4. Username နေရာမှာလဲ မိမိနှစ်သက်ရာပေးလိုက်ပါ။ ကျနော်ကတော့ ubuntu-myanmar-guide လို့ပေးထားပါတယ်။
  5. Password မှာလဲမိမိနှစ်သက်ရာပေးထားနိုင်ပါတယ်။
  6. ထို့နောက် လိုအပ်တာဖြည့်ပြီးသွားပြီဆိုရင် Install ကိုသာနှိပ်လိုက်ပါ။

2 
အောက်ပါပုံအတိုင်းတွေ့မြင်ရပါလိမ့်မယ်။ခေတ္တခဏစောင့်ပေးလိုက်ပါ။

3
  • ခဏကြာပြီးနောက် အောက်ပါပုံအတိုင်း Reboot လုပ်ခိုင်းပါလိမ့်မယ်။ Reboot Now ကိုရွေးချယ်ပြီး Finish ကိုသာနှိပ်လိုက်ပါ။

4 
အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့နောက် Restart ဖြစ်သွားပါမယ်။

IMG_0463 
Restart ဖြစ်ပြီးပြန်တက်လာရင် အောက်ပါအတိုင်းတွေ့ရမည်။ ခဏစောင့်လိုက်ပါ။
  • IMG_0452 
ထို့နောက် အောက်ပါပုံအတိုင်း Installation အပိုင်းကိုဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။
Ubuntu1110Beta1 01 
အောက်ပါပုံအတိုင်းဆက်လက်ပြီး လုပ်ဆောင်နေသည်ကို သာစောင့်ပေးလိုက်ပါ။
installing-ubuntu
Installation ဖြစ်စဉ်အတွင်းအောက်ပါပုံအတိုင်းပဲ Slideshow ပုံစံဖြစ် Ubuntu မှာရနိုင်တဲ့ Function တွေ၊ Application တွေကို ပြသပေးပါလိမ့်မယ်။

IMG_0458
  • အထက်ပါပုံလိုပါပဲ Installation လုပ်နေစဉ် …
IMG_0462 
အားလုံးပြီးဆုံးအောင်စောင့်ပေးလိုက်ပါ။ နောက်ဆုံးအောက်ပါပုံအတိုင်း Restart ကျသွားပြီး Windows 7 နှင့် Ubuntu ကိုရွေးချယ်ခိုင်းပါလိမ့်မယ်။  Ubuntu ကိုရွေးချယ်ပေးလိုက်ပါ။
IMG_0464
  • Ubuntu ကိုရွေးချယ်ရင်အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
IMG_0468 
  • အထက်ပါပုံအတိုင်းတွေ့ရပြီဆိုရင် ကျနော်တို့ Install လုပ်စဉ်ကပေးခဲ့သော Username ဖြင့် Login လုပ်နိုင်ရန် “Other” ကိုရွေးချယ်လိုက်ပါ။
IMG_0471 

  • Other ကိုရွေးချယ်ပြီး Login နေရာမှာ ကျနော်တို့ Install လုပ်စဉ်ကပေးခဲ့သော ubuntu-myanmar-guide ကိုထည့်သွင်းပြီး Login ကိုနှိပ်လိုက်ပါ။ (ubuntu-myanmar-guide နေရာမှာမိမိပေးခဲ့သော Username ကိုသုံးပါ)
IMG_0469 
  •  
  • အထက်ပါပုံအတိုင်း မိမိပေးခဲ့သော Password ကိုရိုက်လိုက်ပါ။ ထို့နောက် အောက်ပါပုံအတိုင်း Ubuntu Desktop ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
IMG_0470 
ဒါဆိုရင်တော့ ကျနော်တို့ရဲ့ Ubuntu ကို Windows 7 ပေါ်မှာ Wubi ဖြင့် Installation လုပ်ဆောင်ခြင်းကအောင်မြင်သွားပြီဖြစ်ပါသည်။
PDF Format ကို ရယူချင်ပါက ဒီမှာ နှိပ်လိုက်ပါ။


  • တကယ်၍ Wubi ဖြင့် Install လုပ်ထားသော Ubuntu ကို Uninstall လုပ်ချင်တယ်ဆိုရင် အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်

    Uninstallation

    • Control Panel > Programs and Features > Ubuntu >uninstall (or)
    •  C:ubuntuUninstall-Ubuntu.exe
     
    wubi-uninstall.png
အဆင်ပြေပါစေ။

Credit to : http://ubuntummguide.wordpress.com/

No comments:

Post a Comment