Saturday, January 4, 2014

Communication Server and other Server

 

Communication Server အကြောင်း
 
အသုံးပြုသူ User တစ်ယောက်ဟာ နေရာတကာကိုလျှောက်သွားနေသော လူတစ်ယောက်ဆိုပါစို့။ဒါမှ မဟုတ်
အိမ်မှာဘဲ အလုပ်လုပ်နေတဲ့ Home Based Worker ဖြစ်စေ၊ Modem ကိုအသုံးပြုပြီး Communicated Server Network
ထဲကိုဝင်ရောက်ပြီး အချက်အလက် များပေးပို့ခြင်း ဆက်သွယ်ခြင်း များပြုလုပ်လို့ရပါတယ်။ Microsoft Windows 2000
Server မှာဆိုရင် Remote Routing and Access Server (RRAS) ဆိုတဲ့ တကယ့်ကိုစွမ်းအားပြည့် Communication
Server ပါရှိပါတယ်။ ပြောရရင် Communication Server ဆိုတာ တခြားကွန်ရက်တွေကို Modem ကနေ တဆင့်ဆက်သွယ်
မှုပြုလုပ်ပေးတာဖြစ်ပါတယ်။ နောက်ပြီး E-Mail Message တွေကိုလည်း ကွန်ရက်အတွင်း အခြား Server တွေအကြား Handle လုပ်ပေးပါတယ်။
Mail Server အကြောင်း
Mail Server ကတော့ Network အတွင်းရှိအသုံးပြုသူ User တွေကိုယ်စား E-Mail Message တွေကို Handle လုပ်ပေးပါတယ်။ Mail Server ဟာ Store and Forward ၀န်ဆောင်မှုကိုလည်း ပံ့ပိုးပါတယ်။ ဆိုလိုတာက Server ဟာဝင်လာတဲ့ E-Mail Message တွေကို User တွေဖွင့်မကြည့်ခင် သိမ်းပေးထားရပါတယ်။ အဲ့ဒီလိုပါဘဲ ဒီဘက်ကပို့လိုက်တဲ့ E-Mail Message တွေကိုတဘက်က Server မချိတ်မိမချင်း ၎င်း Message များကို သိမ်းပေးထားရပြီး တဖက်က Server ကိုချိတ်မိသည်နှင့် Message ကိုပေးပို့လိုက်ရပါတယ်။ ၎င်းကို Store and Forward လို့ခေါ်ပါတယ်။
Fax Server အကြောင်း
Fax Server ကတော့ Network အတွင်း Fax လမ်းကြောင်းတွေကို Manage လုပ်ပေးရပါတယ်။ဆိုလိုတာက တယ်လီဖုန်းကတဆင့် ၀င်လာတဲ့Fax တွေကို Network မှာရှိတဲ့ သက်ဆိုင်ရာလူတွေဆီကိုတဆင့်ပြန်လည်ဖြန့်ဝေပေးရပါ
တယ်။ အဲ့ဒီလိုပါပဲ Network အတွင်းမှာရှိတဲ့ အသုံးပြုသူတွေကပို့လိုက်တဲ့ Fax တွေကို Fax Server ကစုစည်းပြီး တယ်လီ
ဖုန်းကတဆင့် Fax တွေကို ပို့ပေးရပါတယ်။
Set of Rules (Standards)
လူနှစ်ယောက်စကားပြောနေတယ်။ တစ်ယောက်ကပြောနေချိန်တွင် တစ်ယောက်ကနားထောင်နေတယ်ဆိုပါစို့။ အဲ့ဒီဖြစ်စဉ်မှာ တစ်ယောက်ကဘာပြောသလဲဆိုတာကို တဖက်က လူကနားလည်ဖို့ရန်နှစ်ယောက်လုံးတတ်ကျွမ်းသည့် ဘာသာစကားသည်တူရပါမယ်။ အဲ့ဒီဖြစ်စဉ်ကိုပင် အခြားရှူ့ထောင့် တစ်ခုကကြည့်မယ်ဆိုရင် ပြောကြတဲ့ `စကား´ ဆိုတာတွေသည် `အသံ´ တွေကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ တစ်ဖက်က ဘာသာစကားတစ်ခုနှင့် ပြောလိုက်လို့ ထွက်လာတဲ့ အသံတွေ မိမိထံ ရောက်လာတဲ့အခါမှာ လည်း၎င်း ဘာသာစကားဖြင့်ပင် အဓိပ္ပါယ်ဖေါ်ယူရပါတယ်။ Network ချိတ်ဆက်ထားသောကွန်ပျူတာ တွေမှာလည်းဒီသဘောပင်ဖြစ်သည်။
ဥပမာ ကွန်ပျူတာ B ဘက်မှ Microsoft Word နှင့်ရေးထားသော File တစ်ခုကို ကွန်ပျူတာA ဘက်က ယူသုံးတယ်ဆိုပါစို့။ ဒါဆိုရင် ကွန်ပျူတာ A ထဲမှာ Microsoft Word ကို install လုပ်ထားမှ သာ ၎င်း File ကိုအသုံးပြုလို့ရမည်
ဖြစ်ပါသည်။ သဘောက File ၏ Format နားလည်သော Program သည် ကွန်ပျူတာနှစ်လုံးစလုံးမှာရှိဘို့လိုခြင်းဖြစ်ပါသည်။
File တွေဆိုတာ အမှန်တကယ်တော့ bit လို့ခေါ်တဲ့ binary number 0 (သို့) 1 တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါ
တယ်။ဒါကြောင့် file transfer လုပ်တယ်ဆိုတာကလည်းကွန်ပျူတာတစ်လုံးမှ bit တွေကိုအခြားကွန်ပျူတာတစ်လုံးဆီသို့ပေး
ပို့ခြင်းသာဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးတာက ပေးပို့သူနှင့် လက်ခံသူတို့အကြားမှာနားလည်မှုတွေ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းတွေရှိလာပါတယ်။ ဥပမာအနေနှင့် NIC တပ်ဆင် ထားပြီး Cable တစ်ချောင်းဖြင့်ချိတ်ဆက်ထားသော ကွန်ပျူတာ A နှင့် B တို့သည်အချက်အလက်များကို ဘယ်လိုဖလှယ်တယ်ဆိုတာကြည့်ကြရအောင် ။
ကွန်ပျူတာ A ထဲမှ NIC သည်ပို့လိုတဲ့ bit တွေကို ဗို့အားတစ်ခုရှိသော electronic signal များအဖြစ် ပြောင်းပြီးချိတ်ဆက်ထားသော cable ပေါ် မှတဆင့် ကွန်ပျူတာ B ထံသို့ transmit လုပ်ကြရပါတယ်။ အခြားတစ်ဖက်ကွန်ပျူ
တာ B ထဲမှ NIC သည် ရောက်လာတဲ့ electronic signal များကို bit များအဖြစ်သို့ ပြန်ပြောင်းယူရပါတယ်။ electronic signal မှ bit အဖြစ်သို့ တဖန် bit မှ electronic signal အဖြစ်သို့ အပြန်အလှန် ပြောင်းလဲလုပ်ငန်းစဉ်ကို encode လုပ်တယ်လို့ခေါ်ပါတယ်။ အဲ့ဒီလို တစ်ဖက်က transmit လုပ်လိုက်သော bit တွေကို အခြားတစ်ဖက်က လက်ခံရယူနိုင်ကြရန်အတွက် NIC တို့အကြား Standard (၀ါ) set of rule အချို့ကိုနားလည်သဘောပေါက်ထားဖို့လိုပါတယ်
ဥပမာဆိုရရင် ကွန်ပျူတာ B မှ NIC သည် binary 0 ကို 5V ၊ binary 1 ကို 10V အဖြစ် Transmit လုပ် လိုက်တယ်ဆိုပါစို့။ အကယ်၍ များလက်ခံမည့်ကွန်ပျူတာ A မှ NIC အနေနှင့် binary 0 သည် 2V ၊ binary 1 အတွက် 4V
ဖြစ်တယ်လို့များနားလည်ပြီးစောင့်ဆိုင်းနေမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာ A သည်
ရောက်လာတဲ့ electronic signal တွေကို bit အဖြစ် မှန်မှန်ကန်ကန် ပြန်ဆိုနိုင်စွမ်းမရှိသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်
ပို့တဲ့ဘက်က binary 0 သည် 5V binary 1 သည် 10V ဖြစ်တယ်ဆိုရင် အခြားတစ်ဖက်ကလည်း အဲ့ဒီ standard အတိုင်း(၀ါ) rule အတိုင်း နားလည်သဘောပေါက်ဖို့လို့ပါတယ်။
Transmission Control Protocol (TCP)
TCP ရဲ့လုပ်ဆောင်မှုနဲ့ပါတ်သက်ပြီးတော့ပြောရရင် သူ့မှာ feature များစွာရှိပါတယ်။ အဲဒီများစွာထဲက သိသာထင်ရှားဆုံးက ” segmentation” နှင့် ” error recovery” ဆိုတဲ့ feature တို့ပင်ဖြစ်ပါတယ်။ segmentation သည်အရွယ်အစား ကြီးမားတဲ့ data တွေကို မပို့ခင်မှာ packet များအဖြစ်သို့စိတ်ပိုင်းခြင်းလုပ်ငန်းစဉ်ရဲ့အစလို့ဆိုနိုင်ပါတယ်
ဆိုရရင် ရန်ကုန်ကနေ မန္တလေးသို့ နို့မုန့်အထုပ် (၁)သိန်းပို့သလိုပေါ့ ကွန်ပျူတာတစ်လုံးမှ ပေးပို့ဖို့ရှိလာတဲ့ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ဒီအတိုင်းမပို့ဘဲ နိုင်နိုင်နင်းနင်းဖြင့်ပေးပို့နိုင်အောင် အပိုင်းငယ်လေးများဖြင့် စိတ်ပိုင်းခြင်းကို TCP မှ လုပ်ဆောင်ပြီး၎င်းလုပ်ငန်းစဉ်ကို segmentation လို့ခေါ်ပါတယ်။ထိုမှတဖန် TCP သည် segmentation လုပ်ငန်းစဉ်ပြီးဆုံး၍ ရလာမည့် data အပိုင်းငယ်လေးများရှေ့တွင် TCP header များထည့်သွင်းပေးပါသည်။TCP header ထည့်သွင်းပြီးသော data အပိုင်းငယ်ကို ‘TCP segment’ လို့ခေါ်ပါတယ်။(Packet မဖြစ်သေးတာကိုသတိပြုပါ) TCP header ကိုထည့်သွင်းရခြင်းရဲ့ အဓိကရည်ရွယ်ချက် ကတော့ error recovery အတွက်ဖြစ်ပါတယ်။
TCP segment တစ်ခုရဲ့ရှေ့ပိုင်းမှာ TCP header ဆိုတာနှင့် သူ့နောက်မှာ Data ဆိုတာကိုတွေ့ရပါလိမ့်မယ်။ error recovery အတွက် TCP သည် segment တွေကို နံပါတ်စဉ်တပ်ဖို့လိုပါတယ်။ သည့်အတွက် TCP header သည် sequence number <Seq> လို့ခေါ်တဲ့ segment နံပါတ်စဉ် ထည့်သွင်းဖို့နေရာဖြစ်လာခဲ့တယ်။ ဒါ့အပြင့် TCP header သည် acknowledge number <ACK> ထည့်သွင်းရမယ့်နေရာလည်းဖြစ်ပါတယ်။ acknowledge number ရဲ့အဓိက အစိတ်ရည်ရွယ်ချက်ကတော့ ဘယ် segment မှာ error ရှိနေသလဲဆိုတာကို ပေးပို့သူအားပြန်လည်ပြောပြနိုင်ရန်ဖြစ်ပါတယ်
Segment တစ်ခုရဲ့အရွယ်အစားသည် 1480 bytes ဖြစ်ပါတယ်။ TCP header သည် 20 bytes နေရာယူပါသည်။ဒါကြောင့် segment တစ်ခုမှာ data ပမာဏ အများဆုံး 1460 byte ထည့်သွင်းနိုင်တယ်လို့ အကြမ်ဖျင်း မှတ်သားထားနိုင်ပါသည်။
Internet Protocol (IP)
TCP သည် segment (Data+ TCP header) တွေကိုအခြားကွန်ပျူတာ တစ်လုံးဆီကိုပို့လိုပါတယ်။ဒါပေမယ့် segment တွေကိုပို့ဘို့ရန်လိုအပ်တဲ့ အသေးစိတ်လုပ်ငန်းစဉ်တွေကို TCP မှမသိပါ။ TCP သည် segmentation ၊ error recovery နှင့်အခြားလုပ်ငန်းစဉ်အချို့နှင့်သာသက်ဆိုင်ပါတယ်။ဒါကြောင့် data တွေကိုပို့ဖို့ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး၍ ရလာသော segment တို့၏ ရှေ့တွင် IP မှ header တစ်ခုကိုထည့်သွင်းပါတယ်။ IP မှ ထပ်မံထည့်သွင်းထားသော ၎င်း header များကို IP header ဟုခေါ်ပြီး source နှင့် destination IP address ပါရှိပါတယ်။
IP မှထည့်သွင်းထားသော IP header ထဲတွင် IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address ဖြစ်ပါတယ်။အမြန်ချောပို့ လုပ်ငန်းတစ်ခုမှ တဆင့် မိမိရဲ့မိတ်ဆွေထံသို့ ပါဆယ်ထုပ် တစ်ထုပ် ပို့မယ်ဆိုပါစို့ ၊ဒါဆိုရင် ချောပို့လုပ်ငန်းက ထုတ်ပေးတဲ့ form ပုံစံစာရွက်ထဲမှာ မိမိပို့လိုတဲ့(၀ါ) လက်ခံရယူသူလိပ်စာကို အတိအကျ ဖြည့်စွက်ရပါတယ်။ ဒါ့အပြင် အကြောင်းတစ်ခုခုကြောင့် ပေးပို့၍မရခဲ့ဘူးဆိုရင် ၎င်း ပါဆယ်ကိုချောပို့လုပ်ငန်းမှ မိမိထံသို့ပြန်ပို့ပေးနိုင်အောင် မိမိလိပ်စာ(၀ါ) ပေးပို့သူ၏လိပ်စာ ကိုပါဖြည့်စွက်ပေးရပါတယ်။
ထိုနည်းတူစွာပင် ကွန်ပျူတာတစ်လုံးမှ အခြားကွန်ပျူတာတစ်လုံးသို့ data ပေးပို့ရန် အတွက် လက်ခံရယူမည့် ကွန်ပျူတာ၏ IP address ကို IP header ထဲရှိ destination IP address နေရာတွင်ထည့်သွင်းရပါတယ်။အလားတူပင် ပေးပို့သည့် ကွန်ပျူတာ၏ IP address ကို source IP address နေရာတွင်ထည့်သွင်းရပါတယ်။ IP header ထည့်သွင်းပြီးပါက segment မှသည် IP packet ( IP header +Data) ဖြစ်လာပါတယ်။ 4 byte ပမာဏ ရှိတဲ့ IP address ၂ ခု အပါအ၀င် IP header သည် 20 byte ရှိပါတယ်။ ဤတွင်မှဆက်ဆိုရရင် IP packet တစ်ခု၏ အမြင့်ဆုံး ပမာဏသည် 1500 byte ဖြစ်တယ်လို့ အကြမ်းဖျဉ်းမှတ်သားထားနိုင်ပါတယ်။
IP address အကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ စာပို့တဲ့အခါ စာအိတ်ပေါ်မှာ အိမ်အမှတ် လမ်း၊ရပ်ကွက် မြို့နယ်၊တိုင်း၊အစရှိသဖြင့် လိပ်စာကိုဘယ်လိုရေးရမယ်ဆိုတဲ့ format ရှိသလို IP address မှာလည်း intenet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေသည် 32 bit binary ဂဏန်းတွေဖြစ်ပါတယ်။ သို့သော် အသုံးပြုသူတို့အနေနှင့် 32 bit binary ဂဏန်းများကို မှတ်သား ချရေးဖို့ရန်များစွာအခက်အခဲ ရှိသည့်အတွက် address တွေကို decimal ဂဏန်းများဖြင့် အသုံးပြုကြပါတယ်။ဒါကြောင့် IP address တို့ရဲ့ရေးသားပုံကို dotted decimal လို့ခေါ်ပါတယ်။
192 . 168 . 10 . 20
1st Octet 2nd Octet 3rd Octet 4th Octet
decimal number တစ်ခုစီကို octet တစ်ခုလို့ခေါ်ပါတယ်။ decimal octet တစ်ခုသည် 8 bitကိုကိုယ်စား
ပြုပါတယ်။ ဒါကြောင့် IP address တစ်ခုတွင် 4 octet ပါရှိသည့်အတွက် IP address တစ်ခုလုံးသညိ 32 bit(4 byte) ဖြစ်ပါတယ်။ ကွန်ပျူတာမှာတပ်ဆင်ထားသည့် NIC တိုင်းအတွက် IP address တစ်ခုစီသတ်မှတ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလို သတ်မှတ်ပေးရမည့်နေရာမှာ IP address တစ်ခုသည် network ထဲရှိ အခြားမည်သည့် address နှင့်မှ ထပ်တူမညီတဲ့ decimal ဂဏန်းတွဲတွေဖြစ်ရပါမယ်။
P Address ရဲ့ အပိုင်းလေးပိုင်းဟာ တစ်ခုနှင့်တစ်ခုကြားမှာ Decimal Point လေးတွေနဲ့ ခွဲခြားထားပါတယ်။ပေးလို့ရတဲ့ အတိုင်းအတာကတော့ ၁ ကနေ ၂၅၄ အထိဖြစ်ပါတယ်။
ကွန်ရက်အမျိုးအစားပေါ်မူတည်ပြီးတော့ IP ကို ကွန်ရက်လိပ်စာ(Address for the Network )နဲ့ Hosts ရဲ့လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားလိုက်ပါတယ်။ ယေဘုယျအားဖြင့် တော့ ရှေ့ပိုင်းက Address for the Network ဖြစ်ပြီးကျန်တဲ့အပိုင်းကတော့ Address for the Hosts ဖြစ်ပါတယ်။ အကယ်၍ သင်ဟာအင်တာနက်ချိတ်ဆက်မယ်ဆိုရင်တော့ အောက်ပါအမျိုးအစားတွေကိုသိဘို့လိုအပ်ပါတယ်။
၁) Class-A ဆိုတာကတော့ အလွန်ကြီးမားတဲ့ ကွန်ရက်တွေမှာ အသုံးပြုပါတယ်။ ရှေ့ဆုံးက Bits ဟာ Zero ဖြစ်ပါတယ်ကျန်တဲ့ 7 bits ဟာကွန်ရက်ပေါင်း ၁၂၇ ခုသတ်မှတ်ပေးနိုင်ပြီး နောက်က 32 bits ကို ရှေ့က 8 bits နှုတ်တော့ ကျန်တဲ့ 24 bits ကကွန်ရက်တစ်ခုချင်းစီကနေ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ်။ Class ကွန်ရက်များမရနိုင်တော့ပါ။
ပထမ 8 bits ဟာတစ်နည်း အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်းဟာ Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ်။ Network Address တန်ဘိုးဟာ ၁၂၆ အောက်မှ ၁၂၆ အထိပေးလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောထားတဲ့အတိုင်း ကွန်ရက်က ၁၂၇ အထိဘဲသတ်မှတ်နိုင်ပါတယ်။
မှတ်ချက်။ ။ အဲ့ဒီနေရာမှာ ၁၂၇ ဆိုတာ Loopback Test Address အတွက် Reserved လုပ်ထားတာပါ။သင်ဟာ 127.0.0.1 ဆိုတဲ့စီကို Message ပို့လိုက်ရင်အကယ်၍ များကွန်ရက်မှာဘာအမှားတစ်ခုမှမရှိရင် ၎င်း ဟာသင့်ဆီကိုပြန်ရောက်လာပါလိမ့်မယ်။

၂) Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေမှာသုံးဘို့ပါ။ရှေ့ဆုံးနှစ်ခုသော Higher Order Bits ဟာအမြဲတမ်း 10 ဖြစ်ပြီး ကျန်တဲ့ 14 bits ဟာ ကွန်ရက်ပေါင်း 16,384 ကိုသတ်မှတ်နိုင်ပြီး ပေါင်းလို့ရတဲ့ Bits ဟာ 16 bits ရှိတာကြောင့် နောက်ကျန်တဲ့ 16 bits ဟာကွန်ရက် တစ်ခုချင်းဆီကနေ Host ပေါင်6း5,535 ကိုင်တွယ်နိုင်ပါတယ်။ သူလည်း Class A ကွန်ရက်လို အားလုံး အသုံးပြုနေကြတာကြောင့် မရနိုင်တော့ပါ။
ဒီတော့အပေါ်ကမှတ်ချက်အတိုင်းအရဆိုရင် နံပါတ်က ၁၂၇ အထိရှိတာကြောင့် Class B ကွန်ရက်ရဲ့ Address ဟာ 128 ကနေစရပါမယ် 191 အထိပါ။ ပထမအပိုင်းနဲ့ ဒုတိယအပိုင်းဟာ Network Address ဖြစ်ပြီး ကျန်တဲ့နှစ်ပိုင်းဟာ Host Address ဖြစ်ပါတယ်။
၃) Class C ဆိုတာကတော့ ကွန်ရက်အငယ်စားအတွက်ပါ။ ရှေ့ဆုံးက ၃ ခုသော Higher Order Bits ဟာအမြဲတမ်း 110 ပါဘဲ။ကျန်တဲ့ 21 bits ဟာကွန်ရက်ပေါင်း 2,097,157 ကိုသတ်မှတ်ပြီး 32 bits မှာကျန်တဲ့ 8 bits ကတော့ ကွန်ရက်တစ်ခုချင်းဆီမှာ Hosts ပေါင်း 254 အများဆုံးပဲရနိုင်ပါတယ်။ Class C ကွန်ရက်တွေ ရနိုင်ပါသေးတယ်။
Class C ကွန်ရက်ကတော့ 192 ကနေ 223 အတွင်းရပါတယ်။ပထမပိုင်း ၃ ပိုင်းကတော့ Network Address ဖြစ်ပြီး ကျန်တစ်ပိုင်းကတော့ Host Address အပိုင်းဖြစ်ပါတယ်။ 223 အထက်ကတော့ Reserve ဖြစ်ပါတယ်။

No comments:

Post a Comment