အလွယ်ဆုံးပြောရရင် Custom ROM ဆိုတာကတော့ Handset ကုမ္ပဏီကနေ
တရားဝင် ထုတ်လုပ်လိုက်တဲ့ ROM မဟုတ်ဘဲ Developer တွေက ထပ်မံ Modify လုပ်ထားတဲ့ ROM
တစ်ခုပါ။
Custom ROM ကိုဘာကြောင့်သုံးကြသလဲ ...?
Custom ROM ကိုဘာကြောင့်သုံးကြသလဲဆိုရင် အဲဒီ့မှာက user တွေအတွက် အသုံးတည့်စေမယ့် application တွေကို တစ်ပါထည်း ထည့်သွင်းထားတယ်။ နောက်တစ်ချက်က root လုပ်ပြီးသားတွေများတယ်။ အဲဒီ့တော့ root လုပ်မှ သုံးလို့ရမဲ့ application တွေအတွက် စိတ်ရှုပ်ခံနေစရာမလိုတော့ဘူး။ အဲဒါတွေကြောင့် အသုံးပြုကြတယ်လို့ ပြောရင် အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်
Custom ROM တွေက စိတ်ချရပါ့မလား ...?
အဲဒါအတွက်ကတော ပြောရရင် တိုင်ပတ်ကုန်လိမ့်မယ်...။ စိတ်ချရတာ စိတ်မချရတာက အသုံးပြုသူနဲ့ဘဲ ဆိုင်ပါလိမ့်မယ်။ အသုံးပြုသူက ဘာတွေလုပ်မှာလဲ... ဘာတွေလိုအပ်သလဲဆိုတာ ကိုကိုယ်တိုင် သိဖို့လိုအပ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ Themes လေးလှရုံ၊ version လေးမြင့်တာ သဘောကျရုံနဲ့ သုံးမယ်၊ ဖုန်းထဲမှာလဲ ဘာမှ အရေးကြီးဒေတာတွေ မထားဘူးဆိုရင်သုံးသင့်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးပေါ်ဖုန်းတွေကို ဈေးအများကြီးပေးဝယ်ကြပြီး ကြွားရုံသက်သက်နဲ့ဆိုရင်တော့ မတန်ဘူးပေါ။ ဖုန်းရဲ့ အသုံးပြုနိုင်ခွင့်ကို အပြည့်အ၀ အသုံးချနိုင်မှသာ ၀ယ်ရကြိုးနပ်မှာဖြစ်သလို မိမိသုံးနေတဲ့ဖုန်းနဲ့လည်း ပိုမို ရင်းနှီးအကျွမ်းဝင်မှာဖြစ်ပါတယ်။ root လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် android kernel ဟာ လုံခြုံရေးပေါက်နေခဲ့ပါပြီ... ဘယ်လိုကျိုးပေါက်တာလဲဆိုတော့ root လုပ်တယ်ဆိုတာက အလွယ်ပြောရရင် kernel မှာ အကောင့်တစ်ခုဆောက်လိုက်တဲ့သဘောပါဘဲ.. linux OS အခြေပြုထားတဲ့ Kernel တစ်ခုဖြစ်တာကြောင့် root permission မရရင် ဘာမှလုပ်လို့မရတာကို root permission နဲ့ su ဆိုတဲ့ Super User အကောင့်တစ်ခုကိုတည်ဆောက်လိုက်ပါတယ်။ Linux Kernel ရဲ့ သဘောတရားအရ အကောင့်တစ်ခုဆောက်လိုက်ရင် password မဖြစ်မနေထည့်သွင်းရပါတယ်။ ကဲဒါဆို အဲဒီ့ Password ကို သိနေတဲ့သူက အဲဒီ့အကောင့်ကနေ အလွယ်တစ်ကူဝင်ရောက်လို့ရပြီပေါ့....။ ဒါက သဘောတရားတစ်ခုအနေနဲ့ပါ... တကယ်တမ်းကျတော့ အဲလောက် မလွယ်ပါဘူး..။ တိုက်ခိုက်တယ်ဆိုတာက ဦးတည်ချက်နဲ့ တိုက်ခိုက်တာပါ။ တွေ့သမျှ လျှောက်တိုက်နေရလောက်အောင် အဲဒီ့ Developer မှာ အချိန်တွေပေါများနေမယ် မထင်ဘူး။ ဒါပေမဲ့ မိမိရဲ့ဖုန်းမှာ အပေါက်တစ်ခုဖြစ်သွားစေတဲ့ root ဆိုတာကို လုပ်ဖို့အတွက် (သို့) သုံးဖို့အတွက်တော့ ကိုယ်ဖာသာကို တွေးတော ချင့်ချိန် စဉ်းစားလေ့လာပြီးမှာ အသုံးပြုကြစေချင်တယ်။

No comments:
Post a Comment