requirements—– Root access – yes
root explore – yes ”Dropbox ဆိုတာ ကိုယ့်နဲ့သက်ဆိုင်တဲ့ personal data တွေကို
online မှာ cloud အနေနဲ့ လွယ်ကူစွာနဲ့ လုံခြုံစွာသိမ်းဆည်းနိုင်မယ့်
ကွန်ပျူတာအတွက်ရော၊ ဖုန်းတွေအတွက်ပါ အရမ်း stable ဖြစ်တဲ့ app လေးတစ်ခုပါ။ ဒါပေမဲ့
Dropbox က နောက်ပိုင်းထွက် Samsung နဲ့ အချို့အမြင့်ဖုန်းတွေကလွဲလို့
ကျန်ဖုန်းတွေမှာ 2Gb ၀န်းကျင်လောက်သာ free သိမ်းဆည်းလို့ရပါတယ်။ 2GB ဆိုတာက
ဓာတ်ပုံတွေနဲ့ သီချင်းအတော်အတန်လောက်သာ သိမ်းမယ့်သူတွေအတွက်တော့အဆင်ပြေပါလိမ့်မယ်။
Video files တွေ၊ Applications တွေ၊ Games တွေ၊ firmware တွေနဲ့ အခြား files size
ကြီးတွေကိုလည်း Cloud မှာပဲသိမ်းမယ်ဆိုတဲ့ Upload ဆရာသမားတွေအတွက်ဆိုရင်တော့
မလုံလောက်တော့ပါဘူး။ တကယ်ဆိုရင် dropbox မှာ သိုလှောင်ဖို့အတွက် gmail account
တစ်ခုရှိရုံနဲ့တင် လုံလောက်ပါတယ်။ သူ့ကို သုံးစွဲရတာလည်း ရှုပ်ထွေးမှုမရှိဘဲ
လွယ်ကူလွန်းတာမို့ တော်တော်လေးကို အဆင်ပြေပါတယ်။ ဒါ့အပြင် အခြား cloud storage
service တွေထက် ပိုပြီး stable ဖြစ်တဲ့အချက်ကတော့ သူ့မှာသိမ်းထားတဲ့ ကိုယ့်ရဲ့
data တွေကို ရေရှည်ထိန်းသိမ်းပေးနိုင်ပါတယ်။ free သုံးတာဆိုရင် mediafire တို့၊
ဘာတို့မှာဆိုရင် ကန့်သတ်ချက်တွေကြောင့် ခဏ၊ ခဏ အဖျက်ခံရပါလိမ့်မယ်။ Dropbox
မှာတော့ ဒါမျိုးတွေမရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ 2G
သာသိုလှောင်ခွင့်ဆိုတဲ့ အချက်ပါ။ free သမားတွေအတွက် ပိုပြီးသိုလှောင်ချင်တယ်ဆိုရင်
ထပ်တိုးပြီး ၀ယ်ရင်ဝယ်၊ မ၀ယ်ရင် သာမန် user တွေအတွက် အလွန်ရှုပ်ထွေးတဲ့ friend
invite လုပ်တဲ့နည်းလမ်းတွေကို အသုံးပြုရတော့မှာပါ” ကဲ … ကျွန်တော်တို့ကတော့
ခေါင်းစားမခံတော့ပါဘူး။ Dropbox ရဲ့ထပ်တိုးဝန်ဆောင်မှုတွေရဖို့အတွက် Dropbox
ကိုလှည့်ဖြားလိုက်မယ်လေ… ဒီနည်းလမ်းကတော့ CWM သွင်းထားခြင်းမရှိတဲ့
ဖုန်းတွေအတွက်ဖြစ်ပါတယ်။ CWM ကနေ Flash လို့အဆင်မပြေသူတွေအတွက်လည်း ဒီနည်းလမ်းကို
အသုံးပြုနိုင်ပါတယ်။ ပထမ ဒီဇစ်ဖိုင်လေးကိုဒေါင်းပေးပါ…
ရလာတဲ့ ဇစ်ကိုဖြည်လိုက်ရင်အထဲမှာ
Dropbox apk DropboxOOBE apk နဲ့ com.dropboxpartner ဆိုတဲ့ jar ဖိုင်လေး
စုစုပေါင်း ၃ဖိုင်ရလာပါလိမ့်မယ်။ ရလာတဲ့ ၃ဖိုင်မှာ apk ၂ဖိုင်ကို copy လုပ်ပြီး
Root Explore ထဲကနေ System / app ထဲသွားပြီး ထည့်ပေးလိုက်ပါ။ ပြီးရင်ကျန်တဲ့
com.dropboxpartner ဖိုင်လေးကို System / framework ထဲသို့သွားပြီးထည့်ပေးလိုက်ပါ
ပြီးရင် အဲဒီကောင်လေးကို ဖိထားပြီး Permission ရွေးပေးလိုက်ပါ..။ rw-r-r
ပေးလိုက်ပါ ဖုန်းကို reboot လုပ်လိုက်ပါ ဖုန်းပါဝါပြန်တက်လာပြီဆိုရင်တော့ Drawer
ထဲမှာ Dropbox icon လေးရောက်နေမှာပါ။ အဲဒီမှာ အကောင့်ရှိပြီးသားဖြစ်ဖြစ်
အသစ်လုပ်ပြီးပဲဖြစ်ဖြစ် ၀င်ကြည့်လိုက်ပါ။ မိမိထည့်သွင်းလိုက်တဲ့ မေးလ်လိပ်စာထဲကို
မေးလ်တစ်စောင်ဝင်လာပါလိမ့်မယ်..သူဖြည့်ခိုင်းထားတဲ့အချက် ၆ ချက်မှာ ၅
ချက်လောက်လုပ်ပေးလိုက်ပါ…. အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ 50GB ရပါပြီခင်ဗျား
…။
No comments:
Post a Comment