iPhone 5S များကို မည်သည့်ခလုတ်မှနှိပ်စရာမလိုဘဲ Touch ID Sensor ကိုထိလိုက်ရုံဖြင့် Screen Lock ဖွင့်နိုင်သော Cydia Tweak ထွက်ရှိလာပြီဖြစ်သည်။ ယင်း Tweak ကို “Virtual Home” ဟုအမည်ပေးထားပြီး မြန်မာ developer “ကိုမိုးစက်” ကရေးသားထားခြင်းဖြစ်သည်။ ယင်း Tweak ကို Jailbreak လုပ်လိုက်ပါက ဖုန်းတွင် original ပါလာသော BigBoss Source ထဲမှတစ်ဆင့် ရှာဖွေသွင်းယူနိုင်ပြီဖြစ်ပြီး “Virtual Home” Tweak ကိုသွင်းပြီးပါက ဖုန်းကို reboot တစ်ကြိမ်ပြုလုပ်ပေးရန်လိုအပ်သည်။ ပုံမှန်အတိုင်းပြန်တက်လာပါက ဖုန်းကို Lock Screen အနေအထားမှ Screen ပြန်ဖွင့်ရန် မည်သည့် ခလုတ်ကိုမှနှိပ်စရာမလိုတော့ဘဲ Touch ID Sensor ကိုထိလိုက်ရုံဖြင့် Screen ပြန်ဖွင့်လာမည်ဖြစ်သည်။
Credit - Myanmar Mobile App Store
No comments:
Post a Comment