ယခုအခါမှာတော့ Smartphone
တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တမ်း ပြိုင်ဆိုင်နေကြတဲ့
အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android
နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။
သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက်
အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့
အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။
(၁) သိုလှောင်နိုင်စွမ်းကို အလွယ်တကူ
ထပ်မံနိုင်မြှင့်နိုင်ခြင်း
ကျနော်တို့ဖုန်းတွေထဲမှာ သီချင်းတွေ၊
ပုံတွေ၊ App တွေ ထည့်သွင်းတဲ့အခါ တစ်ခါတစ်လေမှာ built-in ပါဝင်တဲ့ storage ဟာ
လုံလောက်မှုမရှိပါဘူး။ Android ဖုန်းတွေမှာ Micro SD ကတ်တွေ
အလွယ်တကူဝယ်ယူထည့်သွင်းနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ နောက်ပြီးတော့ Storage အတွက်
သက်သက်နဲ့ နောက်ဖုန်းတစ်လုံး ဝယ်ယူစရာမလိုတာကလဲ တော်တော်ကိုကောင်းတဲ့အချက်ပါ။
(၂) Built-in ပါဝင်တဲ့ လမ်းညွှန်စနစ်
သိပ်မကြာခင်က Apple ဟာ သူရဲ့ Map
စနစ်အသစ်ကိုကြေညာခဲ့ပါတယ်။ iOS 5 မှာ ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်
လက်ရှိအချိန်မှာတော့ သူ့ရဲ့ Navigation စနစ်ဟာ Android မှာပါဝင်တဲ့ စနစ်ကို
မမှီပါဘူး။ ရိုးရိုးသာမန် လမ်းကြောင်းရှာဖို့အတွက်ပဲ အသုံးဝင်ပေမယ့် အသံနဲ့
ပြောပြနိုင်တဲ့ စနစ် နဲ့ လမ်းပေါ်က မြင်ကွင်းတွေကို 3D နဲ့ ဖော်ပြနိုင်စွမ်းတွေ
အတွက် မဖြစ်နိုင်သေးပါဘူး။
(၃) နှစ်သက်ရာ Hardware ကိုရွေးချယ်နိုင်ခြင်း
စမတ်ဖုန်းမော်ဒယ်တစ်မျိုး ကို
သင်မကြိုက်ဘူးဆိုရင် သင့်မှာ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ကုမ္ပဏီ အမျိုးမျိုးက
ထုတ်တဲ့ Hardware အမျိုးမျိုး၊ Screen Size အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊
ဒီဇိုင်းအမျိုးမျိုး နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
(၄) App ထည့်သွင်းရာမှာ
ကန့်သတ်မှုမရှိခြင်း
အများသိတဲ့အတိုင်း iPhone ဟာ App
Install လုပ်မှုအပိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ Google ရဲ့ Android
မှာတော့ Google Play Store ရှိပေမယ့် User တွေ နှစ်သက်ရာ Third-party App တွေ
ထည့်သွင်းခွင့်ပေးထားတဲ့အတွက် iPhone ထက်သာနေတာ ငြင်းမရပါဘူး။
(၅) နောက်ဆုံးပေါ် Hardware နဲ့
နည်းပညာများ အသုံးပြုနိုင်ခြင်း
Android ကို ထည့်သွင်းအသုံးပြုထားတဲ့
Smart Phone အမျိုးအစားတွေဟာ iPhone ထက် များပြားတဲ့အတွက်
Hardware အသစ်၊
နည်းပညာအသစ်တွေပေါ်ပေါက်လာတဲ့အခါ Android အမျိုးအစား ဖုန်းတွေက အရင်
ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ iPhone မှာတော့ Model အသစ်တစ်ခုထွက်မှ တစ်ခါ Upgrade
လုပ်ရတာ ဖြစ်တဲ့အတွက် အင်အားများတဲ့ Android ကို မယှဉ်နိုင်ပါဘူး။
(၆) လိုသလို Customize လုပ်နိုင်သော
Home Screen
Android ဖုန်းတွေမှာ သင်တို့ရဲ့ Home
Screen ကို App တွေသုံးပြီး လိုသလို ပြုပြင်နိုင်ပါတယ်။ iPhone မှာပါဝင်တဲ့ Rows
to Rows လို့ခေါ်တဲ့ ဘေးတိုက်ရွေ့တာတစ်ခုတည်းမဟုတ်ဘဲ သင်လိုချင်သလို ပြုပြင်
နိုင်ခြင်း၊ Widget တွေ ထည့်သွင်းနိုင်ခြင်း၊ Touch Button တွေကို
အလွယ်တကူပြင်ဆင်နိုင်ခြင်း စတာတွေဟာ Android ရဲ့ အားသာချက်ပါ။
(၇) Google App တွေနဲ့ Services
တွေကို သုံးစွဲနိုင်ခြင်း
Android ဖုန်းတွေမှာ Google ရဲ့
web-based App တွေပါဝင်ပါတယ်။ Google Maps, Docs, Gmail စတာတွေပါ။ သင့်ရဲ့ Google
Account ကို သင့်ဖုန်းနဲ့ တစ်ကြိမ် Log-in ဝင်ရုံနဲ့ ဒါတွေအားလုံး
သင်သုံးလို့ရပါပြီ။ Apple မှာလဲပဲ iCloud လို့ ခေါ်တဲ့ ခပ်ဆင်ဆင်တူတဲ့
Service ရှိပါတယ်။ ဒါပေမယ့် Google ရဲ့ App နဲ့ Services တွေလောက်
မကောင်းလာသေးပါဘူး။
(၈) Default အဖြစ် ရွေးချယ်စရာ App
အများအပြားရှိခြင်း
iPhone အတွက် Browsers, Calenders နဲ့
Email အစရှိသဖြင့် App တွေရှိပါတယ်။ အများစုဟာလဲ ကောင်းမွန်ပါတယ်။ ဒါပေမယ့်
မကောင်းတဲ့အချက်က သင့်အနေနဲ့ အဲဒီ App တွေကို Default App အဖြစ်ပြောင်းလို့
မရတာပါပဲ။ ဥပမာ- သင် Sparrow for iPhone ကိုသုံးပြီး Email သုံးရတာနှစ်သက်တယ်
ဆိုပါတော့.. Email တစ်ခုကို သင်နှိပ်လိုက်တဲ့အခါ Sparrow for iPhone နဲ့ သင်သုံးလို့မရပါဘူး။
Apple ရဲ့ Default App နဲ့သာ ပွင့်လာမှာဖြစ်ပါတယ်။ Android မှာတော့ သင်နှစ်သက်ရာ
App ကို Default အဖြစ်ပြောင်းလို့ရတဲ့အတွက် iPhone ထက် ပိုပြီး အဆင်ပြေစေပါတယ်။
(၉) Multitasking
ပိုမိုကောင်းမွန်ခြင်း
iPhone မှာ သင်အလိုရှိတဲ့ App ကို
ပြန်ဖွင့်ဖို့ရာ အခက်အခဲရှိနေဆဲပါ။ Android မှာတော့ Taskbar ပေါ်က Multitasking
ခလုတ်ကို နှိပ်လိုက်တဲ့အခါ နောက်ဆုံးသုံးခဲ့တဲ့ App တွေပေါ်လာပါလိမ့်မယ်။
သင်ဖွင့်လိုရာကို နှိပ်ပြီး ဖွင့်နိုင်သလို ပိတ်လိုရာကိုလဲ အမှားနှိပ်ပြီး
ပိတ်ရုံပါ။
(၁၀) Social Networks နှင့် အခြား
Online Services များနှင့် ချိတ်ဆက်ခြင်း
ကျနော်တို့ ဖုန်းပေါ်ကနေတဆင့် Social
Networks တွေနဲ့ အခြား Online Services တွေကို အသုံးပြုပြီး File Sharing
လုပ်တာတွေ၊ ပုံတင်တာတွေ လုပ်လေ့ရှိပါတယ်။ iPhone မှာ ဆိုရင် အခြား App တွေကို
ဖွင့်ပြီး သုံးရပါတယ်။ Android မှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥပမာ- သင် ပုံတစ်ပုံကို
မျှဝေချင်တယ်ဆိုရင် ကင်မရာ ကိုတောင် သင်ပိတ်စရာမလိုပါဘူး။ သင်အလိုရှိရာ Social
Network ကို ရွေးပြီး မျှဝေရုံပါပဲ။
ဒီအချက်တွေကတော့ Android ဖုန်းတွေရဲ့
iPhone ထက်သာလွန်တဲ့ အချက် (၁၀)ချက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာ
ပေါများတဲ့ ယနေ့ခေတ်ကြီးထဲမှာ ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့
အွန်လိုင်းပေါ်ကနေ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။
No comments:
Post a Comment