Thursday, January 2, 2014

Network Engineer ဆိုတာ….




ဒီနေ့ခေတ်မှာ Computer System ကိုအခြေခံပြီး မိမိအဖွဲ့အစည်းရဲ့ Network,
ဒါမှမဟုတ် တစ်ကမ္ဘာ လုံးနဲ့ Network ချိတ်ဆက်ပေးရတဲ့ Network Engineer
တွေရဲ့နေရာဟာလည်းအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာပါတယ်။ ဒါပေမဲ့
Network Engineer လို့သုံးနှုန်းလိုက်ပြီ၊ မိမိကိုယ်ကို Network Engineer လို့
သတ်မှတ်လိုက်ပြီဆိုလျှင်၊ အောက်မှာပြောထားတဲ့ Network Engineer
တစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေ၊ တာဝန်တွေကိုသိပြီးပြီလား၊ တတ်ပြီးပြီလားဆို
တာကို မိမိကိုယ်ကိုပြန်မေးကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းအရာ
ကိုရေးနေတဲ့အတွက်ဒါတွေကိုကျွမ်းကျင်တတ်မြောက်ပြီးပြီလားဆိုရင်တော့…
No ပါ.။ ကျွန်တော်လည်းအခုမှလေ့လာနေစဲ လူတစ်ယောက်ဆိုတာကိုဝန်ခံပါတယ်။
ဒီတော့အောက်မှာ Network သမားတစ်ယောက်ရဲ့ ကျွမ်းကျင်ထားရမဲ့အချက်တွေနဲ့
တာဝန်တွေကိုလေ့လာကြည့်လိုက်ပါအုံး။
Network Engineer တစ်ယောက်ကျွမ်းကျင်ရမဲ့ Skills တွေကတော့ အဖွဲ့အစည်း
တစ်ခု၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေအများကြီးကို Network တွေချိတ်ဆက်ပေးခြင်း
(Installing)၊ ထိန်းသိမ်းပေးခြင်း(Maintaining)၊ ပြဿနာတွေဖြစ်လာပါကဖြေ
ရှင်းပေးခြင်း(Troubleshooting) တွေကိုလုပ်ဆောင်နိုင်ရပါတယ်။ Network တွေ
လို့ပြောလိုက်တဲ့နေရာမှာ network မှာအသုံးပြုတဲ့ Fax Machines, Printers
တွေနဲ့ Modems အမျိုးမျိုးတို့ကိုလည်းကျွမ်းကျင်စွာအသုံးပြုနိုင်ရပါတယ်။
ဒါ့အပြင်…ဒီနေ့ခေတ်မှာအသုံးများလာတဲ့ Mobile Phones, Cellular Phones,
PDAs Devices တွေဖြစ်တဲ့ Video Cameras တွေအပြင်, Cabling methods,
wireless transmissions နဲ့ သူတို့မှာသုံးတဲ့ Software တွေနဲ့
လည်းရင်းနှီးကျွမ်းဝင်ရပါအုံးမယ်။
Networking ပိုင်းနဲ့ပါတ်သက်ပြီးခေါ်လေ့ရှိတဲ့အလုပ်တွေကတော့ Networking
Engineer, Systems Engineer, Network Analyst, Network
Consultant, Systems Manager, Network Manager, Network
Associate  network support, support engineer, IT support engineer,
helpdesk support, network administrator, Novell support engineer,
first-line support, second-line support, security engineer and
network architect တို့ပဲဖြစ်ပါတယ်။
Certifications တွေကိုပြောရမယ်ဆိုရင်တော့ ကွန်ပျူတာတက္ကသိုလ်ကနေ ဘွဲ့ရရ
မယ်၊ မဟုတ်ရင်တော့ Information Technology ပိုင်းနဲ့ပါတ်သက်ပြီးတော့
Diploma တစ်ခုခုရရပါမယ်။ ဒါက local educations ပိုင်းပါ။ ပြီးတော့ နိုင်ငံတစ်
ကာအသိအမှတ်ပြု လက်မှတ်တွေဖြစ်တဲ့ MCSE, CCNA, CCNP, CCIE နဲ့
CNE (CCNA+MCP) အစရှိတဲ့ Certificates တွေအောင်မြင်ထားရပါမယ်။
System ပိုင်းဆိုင်ရာအရကတော့ Windows, Cisco Systems, Linux, Unix နဲ့
Novell Netware တွေကိုရင်နှီးကျွမ်းဝင်စွာအသုံးပြုနိုင်ရပါတယ်။ နောက်ပြီး
Networking မှာအသုံးပြုလေ့ရှိတဲ့ Switches, Routers, Hubs, Servers,
Cables, Racks, Firewalls, LAN, WAN, TCP/IP, DNS, UDP, Latency,
VoIP, QoS, EIGRP, BGP, OSPF, NHRP, ATM, PPP, MPLS စတာတွေကို
လည်းသိထားရပါမယ်။
NE သမားတစ်ယောက်ရဲ့တာဝန်တွေကိုပြောပါဆိုရင်တော့ အခြေအနေကိုလိုက်ပြီး
တော့ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ရပါမယ်။ ဆိုကြပါစို့..မိမိလုပ်မဲ့အဖွဲ့အစည်းက bank
လိုအဖွဲ့အစည်းလား? ဒါမှမဟုတ် Small Company လေးလား? ဒါမှမဟုတ် ဆေး
ရုံကြီးတွေမှာလား? ဒါမှမဟုတ်သေးရင် NGO လိုအဖွဲ့အစည်းတွေလား?
ဆိုတာတွေပါ။ ပထမပိုင်းမှာတော့အလုပ်တစ်ခုကိုစ၀င်ပြီဆိုတာနဲ့အမြဲတမ်းမှတ်
ထားရမှာက မိမိသည် Junior ဖြစ်တယ်ဆိုတာကိုပါ။ ဘာကြောင့်လဲ? Network
Engineer တစ်ယောက်ဆိုပါစို့။ နက်ဝပ်အကြီးကြီးပဲဖြစ်ဖြစ်၊ အသေးလေး
ပဲဖြစ်ဖြစ်ကျွမ်းကျွမ်းကျင်ကျင် Installation, configuration, troubleshooting
လုပ်တတ်တယ်ပေါ့ဗျာ။ အဲဒါဆိုသူ့ကအလုပ်နဲ့အဆင်ပြေသွားပြီလား? … No ပါ။
အကယ်၍ပညာပိုင်းဆိုင်ရာကျွမ်းကျင်အုံးတော့ သူဝင်မဲ့အလုပ်အသစ်ကအဲဒီ
အလုပ်ကိုင်တည်ထောင်လာတာအချိန်တစ်ခုရှိနေပြီလား? ဒါမှမဟုတ်အခုမှ
အစပျိုးခါစလား? ဆိုတာတွေကိုလေ့လာရပါမယ်။ အချိန်တစ်ခုထိရောက်နေပြီ
ဆိုရင်လည်း လက်ရှိမှာဘာတွေလုပ်နေလည်း…ဘာတွေထပ်ပြီးလုပ်ဖို့ရှိ
သလဲဆိုတာကိုလေ့လာရပါမယ်။ အခုမှအစပျိုးခါစဆိုရင်လည်း..ဒီလုပ်ငန်းကအဓိက
ဘာတွေလုပ်မှာလဲ? ကိုယ်ကရောဘယ်အပိုင်းတွေကိုလုပ်ရမှာလည်းဆိုတာတွေကို
အရင်ဆုံးလေ့လာရပါအုံးမယ်။ ဒါကြောင့်လည်း junior လို့ပြောတာပါ။ ၀င်လုပ်ပြီးလို့
လပိုင်းလေးရောက်လာပြီဆိုရင်တော့ ကောင်းကောင်းလုပ်နိုင်သွားပါလိမ့်မယ်။
အဲဒီတာဝန်ဆိုတာလည်းကိုယ်လုပ်ရမဲ့အလုပ်ပေါ်မှာမှုတည်ပြီးတော့ကွဲသွားပါလိမ့်မယ်။
ဒါပေမဲ့ကျွန်တော့ NE ကျောင်းသားတွေကို ပြောလေ့ရှိတဲ့စကားအတိုင်းပြောရမယ်
ဆိုရင်တော့.. Network သမားတွေအတွက်အဓိကအရးကြီးတာကတော့ Backup
ပါ၊ပြီးရင် Security, အဲဒီနောက် troubleshooting ပါ။ ဒါကတော့ကျွန်တော်
ယူဆတာပါ။ အခုဒီပိုစ့်ကိုဖတ်နေကြတဲ့ သူတွေလည်းမိမိတို့ရဲ့အမြင် တွေ
ကိုပြောကြည့်ကြပါအုံး။ မတူရင်လည်းမတူနိုင်ပါဘူး။ လွတ်လပ်စွာသဘော
ကွဲလွဲခွင့်ရှိပါတယ်။
အပေါ်ကကျွန်တော့ရဲ့အမြင်ကိုပြန်ရှင်းရမယ်ဆိုရင်တော့ ဥပမာ..ကျွန်တော့မှာ
Network တစ်ခုရှိမယ်ဆိုပါတော့။ အဲဒီ Network ထဲကို Virus တစ်ခု ဒါမှမဟုတ်
တခြား trojan တို့၊ malicious worm တို့၊ ဒါမှမဟုတ်သေးရင် company က
အရမ်းကြီးတဲ့ အဖွဲ့အစည်းဆိုရင်တခြားစီးပွားပြိုင်ဘက် အဖွဲ့အစည်းတွေကလည်း
မသမာတဲ့နည်းတွေသုံးပြီး DDOS Attack တို့လို Network Attacking
တွေလုပ်နိုင်ပါသေးတယ်။ ဒီတော့..ဒီနေရာမှာ Security ပိုင်းကိုလိုက်တဲ့
သူတွေကတော့ DDOSလောက်တော့ကြောက်စရာမလိုပါဘူးတို့…
ဘာတို့ပြောနိုင်ပါတယ်။ ဒါပေမဲ့သေသေချာချာစဉ်းစားကြည့်ပါ။
ဘာလဲဆိုတော့…ကျွန်တော်တို့သုံးနေကြတဲ့ Antivirusတွေတောင် တစ်ပါတ်
တစ်ခါ၊ နှစ်ပါတ်တစ်ခါ update လုပ်လုပ်ပေးနေရပါတယ်။
ဘာကြောင့်လဲဆိုတော့ attack တွေကအမြဲတမ်း update ဖြစ်နေတာကို။
ဒါတောင်ရိုးရိုး computer system virus ကိုပြောနေတာနော်။ Internet ဆိုတဲ့
public network ကြီးကတိုက်တဲ့ attack တွေဆိုရင်ပိုပြီးတော့တောင် update
ဖြစ်ဖြစ်နေပါတယ်။ ကျွန်တော်တို့ကသာမသိကြလို့ပါ။ ဒီတော့တစ်ချိန်မဟုတ်
တစ်ချိန်မှာတော့ကျွန်တော်တို့အတိုက်ခံရနိုင်ပါတယ်။ Microsoft ရဲ့ ISA,
TMG software firewall တွေဘယ်လောက်ကောင်းပါတယ်ပြောပြော..
Cisco ASA Hardware Firewall တွေဘယ်လောက်ကောင်းပါ
တယ်ပြောပြော Attack လုပ်ပြီးဖောက်နိုင်တဲ့ hacker တွေကတော့ရှိနေ
အုံးမှာပါပဲ။ ဒီတော့ attacking လုပ်ခံရသည်ဖြစ်စေ၊ မလုပ်ခံရဘူးဖြစ်စေ၊
ကျွန်တော်တို့ Data backup, Software Backup, Application Backup
တွေတော့လုပ်ထားသင့်ပါတယ်။ ဒါမှသာ မိမိရဲ့ Network Down သွားရင်
အလွယ်တကူ ပြန်ပြီး Restore ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ..Backup
လုပ်မဲ့ Backup Drive တွေ၊ Backup Tape တွေမှာတော့ virus တွေ
ရှိမနေအောင်တော့သတိထားပေါ့ဗျာ။ မဟုတ်ရင် Virus တွေကို Restore
လုပ်မိသလိုဖြစ်သွားပါလိမ့်မယ်။
ဒုတိယကတော့ အပေါ်မှာပြောခဲ့တဲ့ Security ပေါ့။ ပျက်သွားမှာထက်စာရင်..မပျက်
ခင်တည်းကကြိုတင်ကာကွယ်ပေါ့ဗျာ။ တတိယကတော့ Troubleshooting ပါ။
ပျက်သွားတဲ့အပိုင်းတွေ၊ Data တွေကို Backup ကတဆင့် Restore ပြန်လုပ်ပြီးပြီ
ဆိုတာနဲ့ system တွေမှာပျက်သွားတဲ့၊ ဒါမှမဟုတ်ပျက်နေတဲ့ အပိုင်းတွေကို ပြန်ပြီး
Repairing လုပ်ရပါလိမ့်အုံးမယ်။ ဒါမှသာနဂိုလ်အတိုင်း ပြန်ပြီး Stable ဖြစ်တဲ့
Network တစ်ခုကိုပြန်ရမှာဖြစ်ပါကြောင်း………..



No comments:

Post a Comment